BEC-TERO TV

ချစ်သူနဲ့ပြတ်နေတဲ့အချိန်ရေးထားတဲ့သီချင်းကိုချစ်သူနဲ့အတူဆိုဖြစ်သွားတဲ့ ၀ါဆို

25 Jul 2017     1,235 Views


မွေးနေ့လဲ နီးနေပြီ ဖြစ်တဲ့ ၀ါဆိုတစ်ယောက်နှစ်တိုင်းတော့ထူးထူးခြားခြားလေးလုပ်ဖြစ်ပေမယ့် ဒီနှစ်မှာတော့ခရီးတွေ အရမ်းသွားရတော့ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်တော့ လောလောဆယ်မရှိသေးပါဘူး ။အိမ်မှာလောလောဆယ် အုတ်ခွက်ဘုရားပင့်ပြီးတော့ ပူဇော်မယ်။မိဘမဲ့ကျောင်းတွေကတော့ မွေးနေ့မှမဟုတ်ဘူး နှစ်စဉ်ကြုံရင်ကြုံသလိုလှူဖြစ်တယ် ။Planကတော့မဆွဲရသေးဘူး ။

အခုပေါက်နေတဲ့ သီချင်း “မင်းကြိုက်တာလုပ်” နဲ့ ပတ်သတ်ပြီးခံစားချက်လေးကတော့ဝမ်းသာပါတယ်။ လူငယ်တွေအကြိုက်ကတော့အချစ်ရေးအဆင်မပြေတဲ့ အကြောင်းလေးတွေဆိုကြိုက်ကြတယ်။ ဒီသီချင်းက ကိုဖြိုးလေးရေးထားတာ။ကိုဖြိုးလေးနဲ့ ၀ါဆိုရန်ဖြစ်ပြီး ခဏပြတ်နေတဲ့အချိန်မှာရေးထားတာပါ။အဆင်ပြေတဲ့ အချိန်ကြ ဆိုမယ်ဆိုပြီးဆိုဖြစ်သွားတာပါ။ snareရဲ့သီချင်းတော်တော်များများသူတို့ခံစားချက်နဲ့ဆိုရတာများတယ်။

ယောက်င်္ကျားလေးခံစားချက်ကို featuring အနေနဲ့ဆိုပေးရတာပေါ့ ။ချစ်သူနှစ်ယောက်ဆိုတော့ပိုပြီးအသက်ဝင်သွားတယ်လို့လည်းပြောလို့ရပါတယ်။ ကိုယ်လည်း အနုပညာသည် အချင်းချင်းတခါမှ ရည်းစားမထားဖူးဘူး။ အဆိုတော်နဲ့ ကြိုက်မိမယ်လို့လည်းမထင်ထားဘူး ။ သီချင်းဆိုတဲ့အချိန်နဲ့သူနဲ့တွေ့တဲ့ အချိန်နဲ့ကွက်တိဖြစ်သွားတာပေါ့နော် ။ဘုရားကဖန်တီးပေးတာလို့ပဲပြောရမှာပေါ့ ။

အချစ်ရေးကတော့ အိုကေပါတယ် ။အဆင်ပြေပြေသာသာယာယာပါပဲ ။သူရောကိုယ်ရော  အချစ်ရေးထက်အလုပ်တွေပိုလုပ်နေရတယ် ။အဓိက ၀ါဆိုရဲ့အချစ်ရေးကတော့ ပရိတ်သတ်ရဲ့ အချစ်ကိုပဲ ရဖို့ကြိုးစားနေတယ် ။

ပရိတ်သတ်အတွက် ၂၀၁၇မှာ မိုက်လားပြောကြည့် ခွေလေးချပြထားပါတယ်။ အားပေးမှုတွေလဲ အများကြီး ရရှိထားပါတယ် ။ ၂၀၁၈ အတွက်တော့ ပရိတ်သတ်အတွက် တစ်နှစ်နဲ့ တစ်နှစ်မတူအောင် လုပ်ဖြစ်နေမှာပါ ။ ၂၀၁၈ မှာတော့ ကားကြီးတစ်ကားကိုယ်တိုင်ရိုက်မယ်စိတ်ကူးထားပါတယ်လို့ပြောထားပါတယ် ။

Credit: Oasis


25 Jul 2017     1,235 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment