အမျိုးသားတစ်ဦး အိမ်သာတက်နေစဉ် ငယ်ပါကို စပါးအုံးမြွေမျိုခံရ
25 Jul 2017 1,733 Views
အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့နေအိမ်က အိမ်သာထဲမှာ အိပ်သာသုံးနေစဉ် ၁၀ ပေခန့်ရှည်သော စပါးအုံးမြွေက သူ့ရဲ့ ငယ်ပါကို ကိုက်ခဲ့သည့်အတွက် ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။
Attaporn Boonmakchuay ဆိုသူက အိမ်သာကို စောင့်ကြောင့်ထိုင်လျှက် သုံးနေစဉ် အိမ်သာခွက်ထဲမှ စပါးအုန်းမြွေထွက်လာပြီး သူရဲ့ငယ်ပါကို ခဲထားခဲ့သည်။ ကြောက်လန့်တကြားနဲ့ အော်ဟစ်အကူညီတောင်းမှုကြောင့် ဇနီးဖြစ်သူနဲ့ အိမ်နီးချင်းများရောက်လာကာ မြွေရဲ့ကိုက်ခဲထားမှုမှ လွတ်အောင် နာရီဝက်ခန့် ကြိုးစားခဲ့ကြရသည်။
ဇနီးဖြစ်သူက မြွေရဲ့ ဦးခေါင်းနားကို ကြိုးဖြင့်အတင်းရစ်ပတ်မှ မြွေကပါးစပ်ဟသွားသဖြင့် လွတ်မြောက်ခဲ့ရသည်။
ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး အိမ်သာခွက်ကို ဖျက်ကာ မြွေကိုဖယ်ရှားခဲ့ကြသည်။ သွေးထွက်လွန်နေသော အမျိုးသားအား ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသည်။
အိမ်သာထဲတွင် မြွေကိုက်ခံရသော အဖြစ်အပျက်များရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ငယ်ပါကို ကိုက်မျိုထားသော ဖြစ်ရပ်မှာ ပထမဦးဆုံးဖြစ်သည်။
အဆိုအဖြစ်ပျက်က ၂၀၁၆ ခုနှစ် မေလပိုင်းက ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆန်းတစ်ခုဖြစ်သည်။ မြွေကိုက်ခံရပြီးနောက် ရိုးရိုးအိမ်သာခွက်အစား ဘိုထိုင်အိမ်သာခွက်ပြောင်းတပ်တော့မည်ဟု အင်တာဗျူးတွင် ဖြေကြားသွားခဲ့သည်။