BEC-TERO TV

ခန္ဓာကိုယ်က အဆီတွေ ထုတ်ထားတယ်ဆိုတဲ့ စိုးမြတ်သူဇာ

26 Jul 2017     1,409 Views


လက်တလော ချစ်တီးမကြီးဆိုတဲ့ ဇာတ်ကားရိုက်ကူးနေတဲ့ မကြီးစိုး ဟာ သူမပါတဲ့ ရုံတင်ကားတွေ ဆက်တိုက်ဖြစ်နေပါတယ် ။ ကားတိုင်းအောင်မြင်နေတဲ့ အပေါ် ကျမ က ပါလေရာတွေ ပါလို့လဲ ပြောထားပါတယ် ။ သူငယ် ဇာတ်ကားမှာလဲ ဆံပင်အတို ပုံစံ နဲ့ပါဝင်ထားပြီး “ဆံပင်လဲတိုတယ် လူကြီးကလည်းအကြီးကြီးပဲ ။ပရိတ်သတ်ကရယ်နေရလို့ ၀ပြီးကြီးတာတွေတောင် မေ့ပြီးတော့မပြောတော့တာ ကံကောင်းသွားတယ်” ဆိုပြီးလဲပြောထားပါသေးတယ် ။

ကိုရီးယားမှာ Operation လုပ်ပြီး အခုချိန်ထိ လုပ်ထားတဲ့နေရာတွေက အသားမကျသေးပေမယ့်လည်းအလုပ်ကလုပ်နေရတာပဲ ။ရပ်ထားလို့မှမရတာ စကားပြောတာလေးတွေတော့သိပ်အားမရသေးဘူး။စကားပြောရင်သတိထားပြီးနေရတယ်။ပါးစပ်တွေညောင်းလို့ ။အရင်က ကိုယ်အလေးချိန်နဲ့ အခု ကိုယ်အလေးချိန်နဲ့ သိပ်တော့မကွာပါဘူး ။မျက်နှာကနဂိုထဲက ကြီးတော့ မျက်နှာကိုအဓိကထားလုပ်ခဲ့တယ်။ အဆီကိုတော့ 6600CC ထုတ်ထားတယ်။သူက ၀ိတ်ကိုပေါင် ၃၀ ၄၀ ကျသွားတာမျိုးမဟုတ်ပဲကိုယ့်ဘာသာလေ့ကျင့်ခန်းဆက်လုပ်နေရမှာပါ။တသက်လုံးလေ့ကျင့်ခန်းမလုပ်ခဲ့တာ အဆီထုပ်ပြီးမှ လုပ်နေရတယ်။နေ့တိုင်းလမ်းလျှောက်စက်ပေါ်မှာလျှောက်နေရတယ်။

အရင်ထဲက အဆီကခနခန ထုတ်ဖြစ်ပါတယ်။ဟိုနားထုတ်လိုက် ဒီနားထုတ်လိုက်ပါပဲ တခြားလူတွေကိုတော့ သိပ်အားမပေးချင်ဘူး ။ အဓိကက လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါပဲ” လို့ပြောသွားခဲ့ ပါတယ်။

Credit:oasis


26 Jul 2017     1,409 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment