BEC-TERO TV

Ford ကားများ တပ်ဆင်ထုတ်လုပ်မည့်စက်ရုံ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

26 Jul 2017     1,344 Views


Ford ကားကုမ္ပဏီ၏ ကမ္ဘာ့အဆင့်မီ အရည်အသွေး အဆင့်အတန်းနှင့် ကိုက်ညီသော Ford ကားများကို တပ်ဆင်ထုတ်လုပ်ပေးမည့် ကားအစိတ်အပိုင်းတပ်ဆင်သည့် စက်ရုံအသစ်ကို ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်(အရှေ့) စက်မှုဇုန်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

 "Ford ကားတွေ ပြည်တွင်းမှာ စတင်ရောင်းချတဲ့ ၂ဝ၁၃ ခုနှစ်ကတည်းက ဒီစက်ရုံကို တည်ထောင်ဖို့ ဆန္ဒရှိခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်မှာ မော်တော်ယာဉ်ဥပဒေ ထွက်လာတဲ့အတွက် ကျန်တော်တို့က ဒါကိုရင်းနှီး မြုပ်နှံဖို့အတွက်အဆိုပြုပြီး MIC ရဲ့ ခွင့်ပြုချက်နဲ့ စခဲ့တာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ဖို့ နောက်ကျခဲ့တာဖြစ်ပါတယ်" ဟု Capital Automotive ၏ ဥက္ကဋ္ဌ ဦးခင်ထွန်းကပြောကြားသည်။


အဆိုပါစက်ရုံသည် ရင်းနှီးမြုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရှိပြီး လုပ်သားအင်အား ၅၈ ဦးကို ခန့်အပ်ထားကြောင်း သိရသည်။ စက်ရုံမှ တစ်နှစ်လျှင် ကားအစီးရေ ၂ဝဝဝ မှ ၃ဝဝဝ အထိ ထုတ်လုပ်နိုင်ရန်စီစဉ်ထားပြီး လုပ်သားများကိုလည်း သင်တန်းများပေးထားကြောင်း သိရသည်။

အကျယ်အဝန်း ၃ ဒသမ ၂၅ ဧကရှိပြီး စက်ရုံစတင်ဖွင့်လှစ်သည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ကားဝယ်ယူသူများကို တစ်နှစ်စာလက်ခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ford Ranger Double Cab 8 7-Seat Ford Everest SUV များကို ရန်ကုန်နှင့် မန္တလေးရှိ အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး ကားနှင့်ပတ်သက်သော ဝန်ဆောင်မှုများ ကိုလည်း နိုင်ငံတစ်ဝန်းရှိ ဖွင့်လှစ်ထားသည့် ဖို့ဒ် ကားဆားဗစ်စင်တာများတွင် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်−ပြည်မြန်မာ

 


26 Jul 2017     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS