BEC-TERO TV

ချစ်သူကတော့ ရှိတယ် ထုတ်မပြချင်ဘူးဆိုတဲ့ အေးသောင်း

26 Jul 2017     1,544 Views


ပြည်သူ့အချစ်တော်အေးဝတ်ရည်သောင်း (မအေးသောင်း) ဟာလက်ရှိမှာတော့ Media 7 နဲ့အတူ မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲမှာကျောင်းဆရာမလေးအဖြစ်ရိုက်ကူးနေပါတယ် ။ ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် ဇာတ်လမ်းတွေကို သေချာဖတ်ကြည့်ပြီးတော့မှ ကာရိုက်တာကို လက်ခံမယ် လက်မခံဘူးဆိုတာကို ဆုံးဖြတ်နေပါတယ် ။

လက်ခံရိုက်ကူးတဲ့ အခါမှာလဲ အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ ဇာတ်လမ်းတွေကိုသာ လက်ခံဖြစ်တယ် ။ အသက် ၁၆ နှစ်ကိုအရွယ်လောက်ကို ရိုက်မယ်ဆိုရင် ကြည့်ရတဲ့ ပရိတ်သတ်အတွက်အဆင်မပြေလောက်တော့ဘူး ။ ဒါကြောင့် အသက်အရွယ်နဲ့လဲ လိုက်မယ့် ကိုယ်တိုင်လည်းလုပ်နိုင်တဲ့ ကာရိုက်တာလဲဖြစ်ရမယ် ။ အရေးကြီးဆုံးအချက်ကတော့ ပရိတ်သတ်တွေအတွက် ဇာတ်ကားတစ်ကားကိုကြည့်ပြီးတော့ တခုခုကျန်ခဲ့မယ့် ဟာမျိုး ဥပမာ ဟာသဆိုရင်လည်း သဘာဝ ကျကျရယ်ရတာမျိုး ၊ ပညာပေးဇာတ်လမ်းဆိုရင်လည်း တခုခု ပညာရသွားတာမျိုး အဲ့ဒိလို ဇာတ်ကားတွေကိုပဲ ရွေးချယ်လက်ခံဖြစ်နေတယ်လို့ ပြောသွားခဲ့ ပါတယ် ။

အချစ်ရေးနဲ့ ပတ်သက်ပြီးပရိတ်သတ်တွေအတော်စိတ်ဝင်စားနေပေမယ့် အတိအလင်းပြောကြားခြင်းတော့မရှိပါဘူး ။” အရွယ်ရောက်နေပြီဖြစ်တဲ့ အတွက် ချစ်သူရည်းစားကတော့ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်မပြောချင်သေးပါဘူး ။ အချစ်ရေးကတော့ ပုံမှန်ပါပဲ” ဆိုပြီးပြောထားပါတယ် ။


26 Jul 2017     1,544 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment