BEC-TERO TV

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဘဝပျက်ခဲ့ရတဲ့ ဘောလုံးလက်ရွေးစင်

27 Jul 2017     1,527 Views


မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ် ငယ်ကတည်းက ချဉ်ခြင်းတပ်ခဲ့တဲ့ ဝါသနာကြောင့် ဒီလမ်းကို ရွေးခဲ့တာပေါ့ …။ မြက်ခင်းစိမ်းတွေပေါ် ပြေးလွှားဖြတ်သန်းရင်း ကျခဲ့တဲ့ ချွေးစက်တွေတိုင်း အဓိပ္ပါယ်တွေနဲ့ …။
သည်းခြေထဲက ပါလာတဲ့ ဗီဇနဲ့ ဝါသနာကြောင့် လက်ရွေးစင်ကစားသမားဘဝကိုလည်း ရရှိခဲ့ပြီ ..။ ဘဝရဲ့အလှည့်အပြောင်း ဒါမှမဟုတ် ရူးသွပ်ဖွယ် အိမ်မက်တွေက တစ်ခါတစ်ရံ မဖိတ်ခေါ်ပဲ ရောက်လာတတ်တယ် …။


“ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ရမယ်တဲ့”
နိုင်ငံတော်ရဲ့နှလုံးသားနေရာအတွက် တွေဝေခြင်း တုံ့ဆိုင်းခြင်း အလျင်းမရှိစေရ …။ ဘောကန်ဖိနပ်တွေသိမ်းဆည်း မြက်ခင်းစိမ်းကို ကျောခိုင်း ကိုယ်မကျွမ်းကျင်တဲ့ မာယာလောကထဲ ချစ်ခြင်းတွေ ထမ်းပိုးပြီး ခြေစုံပြစ် ဝင်ရောက်ခဲ့တယ် ..။
ဒါပေမယ့် သူတို့က ဗိုလ်ချုပ်ကို မချစ်ကြဘူး ဒို့ဗိုလ်ချုပ်ဟေ့လို့ .. သူတို့လက်မောင်းတန်း ဟစ်အော်တိုင်းမာယာအကြေးခွံတွေ ပြုတ်ကျလာတာမြင်လို့တောင် မကောင်းဘူး ..။ အဲ့လိုနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဆိုတာ ရေပေါ်မှာ အရုပ်ရေးသလိုကို ပျောက်ဆုံးခဲ့တယ် …။


မိမိကတော့ တစ်သက်လုံး ကြိုးစားခဲ့တဲ့ အောင်မြင်မှု အသီးအပွင့်တွေကိုယုံကြည်မှု တစ်ခုနဲ့ စွန့်လွတ်လိုက်ရပြီ ..။ ကျနော်အခု မန်းလေးက မြစ်ငယ်ဆိုတဲ့ မြို့လေးမှာဘယ်နေ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေထိုင်နေပါတယ် …။

ကျေးဇူးပြုပြီး ကျနော့်ကို မေ့ချင်မေ့လိုက်ကြပါ ဗိုလ်ချုပ်ကိုတော့ မမေ့လိုက်ကြပါနဲ့ …။
(KBZ လက်ရွေးစင်ဘောလုံးသမား ဟောင်းထွန်းထွန်းဝင်း ရေးသည်။ )

သတင်းရင်းမြစ်−မြန်မာဆယ်လီဝီကီ


 


27 Jul 2017     1,527 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment