BEC-TERO TV

ဖက်ရှင် ရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်သံတွေမြန်နေတဲ့ အန်ကယ်လ်No

27 Jul 2017     1,543 Views


မြန်မာအိုင်ဒေါရဲ့ အချစ်တော် မြန်မာပြည်သိန်းတန်က သူတို့ဇနီးမောင်နှံနှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသဖို့ နီးကပ်လာတာနဲ့အမျှ ရင်ခုန်သံတွေ ကြိုတင်မြန်နေတယ်လို့ ဆိုပါတယ်။



ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရှိတယ် ဖက်ရှင်ဆိုတဲ့ကားပါ။ အဲ့ဒီဇာတ်ကားက ပထမဆုံး ရုံတင်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားက ဦးတို့နှစ်ယောက်လုံးရဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သလို အတွေ့အကြုံရချင်တာရယ် ဝါသနာပါတာရယ်ကြောင့်သာ လက်ခံခဲ့ရပေမယ့် ဦး ရင်တော့ခုန်တယ် ပရိသတ်ဆီက ဘယ်လိုမျိုး အသံတွေပြန်ကြားရမလဲ ဆိုတာကို နားထောင်ချင်တယ် "


 မြန်မာပြည်သိန်းတန်က သူရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာရာဇဝင်ကိုနဲ့ ရိုက်ကူးနေပြီး အခြားထုတ်လုပ်သူ ဒါရိုက်တာတွေက ကမ်းလှမ်းလာရင်တော့ ဆက်လက် ရိုက်ကူးသီားပါမယ်လို့ ဆိုပါတယ်။

"နောက်ထပ်ရိုက်ဖို့ကမ်းလှမ်းလာရင်တော့ ဦးတို့နဲ့ အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာပါ. ပြီးတော့ ဒါရိုတ်တာရာဇဝင်ကိုနဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရှိပါသေးတယ်။ ဦးရော ဦးအမျိုးသမီးရောကပါ သရုပ်ဆောင်အလုပ်ကို ဝါသနာပါပါတယ်။ အဲ့ဒီတော့ ဦး တို့ကို အခွင့်အရေးပေးတဲ့ အချိန်မှာတော့ အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်မှာပါ"


သတင်းရင်းမြစ်−ဆယ်လီဝီကီ

 


27 Jul 2017     1,543 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment