BEC-TERO TV

သူများကို ချနင်းပြီးကိုယ့်ဘ၀ကိုယ်မထူထောင်ဘူးဆိုတဲ့ စန္ဒီမြင့်လွင်

27 Jul 2017     1,342 Views


မိန်းကလေး Hip Hop အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဒီးဒီး ဟာစာဖတ်ခြင်းကရတဲ့ ယုံကြည်မှုအကြောင်းနဲ့ ငယ်ငယ်က အကြောင်းလေးတွေကိုပြောပြထားပါတယ်။

“အမေက စည်းကမ်းအရမ်းကြီးတယ် အမေ့ကြောင့်ပဲ စာဖတ်တဲ့ အလေ့အထရခဲ့တယ်။အိမ်မှာစာအုပ်တွေမြင်ရင် လိုက်ဖတ်တယ်။ အိမ်မှာနေထိုင်တာက အစစည်းကမ်းကြီးတယ် ။မီးတွေရေတွေကအစ အလကားမဖြုန်းရဘူး ။ အမေက စစ်တပ်ထဲကလာတော့ စည်းစနစ်တွေ အတိအကျပဲ ။သားသမီးတွေကိုလဲ ဒီအတိုင်းသင်တာပေါ့ ။ အမေ့ဆီကအထူးသဖြင့်သင်ကြားရတာကတော့ စာဖတ်တဲ့ အလေ့အကျင့်ပါ ။ ဒါကြောင့်လဲ ဘယ်သူနဲ့မှ မတူတဲ့ အတွေးအခေါ်လေးတွေရှိလာတယ် ။

လေးတန်းထဲကစာဖတ်ခဲ့တာ မဖတ်ဖြတ်တဲ့ စာတွေဆိုလဲ အမေကပြောပြတယ် ။စာဖတ်တဲ့ သူနဲ့ မဖတ်တဲ့ သူ အရမ်းကွာတာ အသက်ကြီးတော့ ပိုသိလာတယ် ။ အတွေးအခေါ် အပြုအမူအရမ်းကွာတယ် ။ စာဖတ်တဲ့သူက သူများကိုချနင်းပြီးမှ ကိုယ့်ဘ၀တက်လမ်းကိုမသွားဘူး ။ မယုတ်မာဘူး ၊ ဒီးဒီးလဲ အောင်မြင်ချင်ခဲ့တယ် ကြိုးစားခဲ့တယ် သူများကိုတော့ချနင်းပြီး ကိုယ့်ဘ၀ကိုမထူထောင်ဘူး လှေကားထစ်လို ဘယ်သူ့ကိုမှ အသုံးမချခဲ့ပါဘူး။ စာဖတ်ခြင်းက ကိုယ့်ယုံကြည်မှုကို ထူထောင်နိုင်ပြီး ငယ်ငယ်ထဲက ကိုယ့်ဘ၀ကိုယ်လျှောက်မယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမွေးနိင်ခဲ့တယ်” လို့ ပြောသွားခဲ့ ပါတယ် ။


 

Credit:oasis


27 Jul 2017     1,342 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment