တွံတေးတွင် ဂျပန်နိုင်ငံမှပညာရှင်များနှင့်ငါးမြင်းသားဖောက်လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နေ
27 Jul 2017 1,378 Views
ရေချိုမှအရှင်ဖမ်းမိထားတဲ့ ငါးမြင်းတွေကို မျိုးဆက်ထိန်းသိမ်းနိုင်ဖို့နဲ့အရေအတွက်များများ သားဖောက်နိုင်အောင်အတွက်ရည်ရွယ်ပြီးလုပ်ကိုင်နေတဲ့ ငါးမြင်းသားဖောက်လုပ်ငန်းတွေကို တွံတေးမြို့နယ်မှာ ဂျပန်နိုင်ငံမှပညာရှင်များနှင့် ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။ ဇူလိုင်လ(၂၅)ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သားငါး ကဏ္ဍဆိုင်ရာလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီး ဌာန၊တိုင်းဒေသကြီးဦးစီးဌာနမှူးမှပြောကြားခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီးမှာ ငါးမြင်းဖမ်းတာ တွေရှိပေမယ့် ငါးမြင်းကိုအရှင်ဖမ်းထားပြီး သားဖောက်လုပ်ငန်းပြန်လည်လုပ်ကိုင်နေတာဟာ တွံတေးမြို့နယ်မှာသာရှိပြီး အရွယ်ရောက်တဲ့ငါးမြင်းတွေကို သားဖောက် လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ကလည်း ဒီငါးမြင်းသားဖောက်လုပ်ငန်းကို အားပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိပြည်တွင်း ငါးဈေးကွက်ထဲမှာ ငါးမြင်းတစ်ပိသာကို တစ်သောင်းကျော် ဈေးနဲ့ရောင်းချနေကြတာဖြစ်ပြီး ငါးမြင်းနဲ့ငါးဒန်ဟာဆင်တူတဲ့အတွက် ငါးဒန်ကိုငါးမြင်းအနေနဲ့ ရောင်းချနေတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။