BEC-TERO TV

ယခုလက်ရှိ ရန်ကုန်မြို့တွင်းမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကို ပြည်သူ လူထုတွေ ကြိုတင်ကာကွယ်မှုပြုလုပ်နေ

27 Jul 2017     1,482 Views


လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါH1N1နဲ့ပတ်သက်ပြီး ရန်ကုန်မြို့တွင်းရှိ ဆေးရုံကြီး တွေမှာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေရုံသာမက လမ်းသွားလမ်းလာပြည်သူလူတွေကလည်း ဒီရာသီတုပ်ကွေးH1N1 ရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တွင်းလူနေထူထပ်တဲ့ နေရာတွေမှာ နှာခေါင်းစည်းျြေု များကိုတပ်ပြီး ကြိုတင်ကာကွယ်မှုတွေပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ ယခု လက်ရှိ ရန်ကုန်မြို့တွင်းမှာဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးH1N1ရောဂါဟာ အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ရောဂါပိုးရှိတဲ့သူက နှာချေ၊ချောင်းဆိုးရာမှ လေထဲသို့ပျံနှံ့ကာ တခြားသူကို လျင်မြန်စွာ ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါH1N1ကို ပြည်သူတွေအနေနဲ့မိမိကိုယ်ကိုကူးဆက်ခံရကြောင်းသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးခန်းနဲ့ဆေးရုံတွေမှာ သွားရောက်စစ်ဆေးနိုင်ပြီး နှစ်ရက် အတွင်းရောဂါဖြစ်ပွားနေသည်ကိုသိရှိပါက ထိရောက်တဲ့ကုသဆေး Temiflue (တန်မီဖလူး) သောက်ဆေးနဲ့ကုသနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားထားပါတယ်။


27 Jul 2017     1,482 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS