BEC-TERO TV

ရန်ကုန်မြို့မှာရောင်းချနေကြတဲ့ N 95 mask ရဲ့ မတူညီတဲ့ ဈေးနှုန်းများ

28 Jul 2017     1,307 Views


ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာဇူလိုင်လ ၂၅ ရက်နေ့ကသေဆုံးသူနှစ်ဦးမှာအိတ်ခ်ျဝမ်းအင်န်ဝမ်းရောဂါအတည်ပြုကြောင်းသတင်းတွေတက်လာတာနဲ့အမျှ လူထုကလည်းထိတ်လန့်နေကြပြီး mask တွေကို အမြန်ဝယ်ယူကြပါတယ်။ ပုံမှန်ဈေးကွက်မှာ ကျပ် ၉၀ဝ၊ ၁၀ဝ၀ လောက်သာ ရှိတဲ့ N95 mask တစ်ခုကို တချို့က ကျပ် ၄၀ဝ၀၊ ၅၀ဝ၀ နဲ့ ရောင်းကြပါတယ်။ Yangon – Singapore – Yangon – Delivery ဝန်ဆောင်မှုမှာ N95 mask တစ်ခုကို ကျပ် ၁၀ဝ၀ နှုန်းနဲ့ ရောင်းချပါတယ်။ တစ်ဘူး ဝယ်မယ်ဆိုရင် ကျပ် ၁၅,ဝ၀ဝ ကျသင့်မှာပါ။

ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅း၃၀ နာရီ ကစပြီး အမှတ် (၂၅၁) ၊ ဆိပ်ကမ်းသာလမ်း (အထက်ဘလောက်)၊ ကျောက်တံတားမြို့နယ်မှာဦးရာလူစနစ်နဲ့ ကိုယ်တိုင်လာရောက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Royal pearl အွန်လိုင်းရှော့ပင်းကလည်း တစ်ဘူးကို ကျပ် ၇၂၀ဝ နဲ့ ရောင်းချနေပါတယ်။ ကလေးတွေအတွက် အရေးကြီး ရင် ၂၅၊ စော်ဘွားလမ်း၊ ရှစ်မိုင်ခွဲမှာ သွားရောက်ဝယ်ယူရမှာပါ။ နယ်သမားတွေ၊ ဆေးရုံဆေးခန်း အရေးပေါ်လိုနေသူတွေကို ကားဂိတ်ကတင်ပေးနေကြောင်း သိရပါတယ်။ အွန်လိုင်းရှော့ပင်းပေ့ခ်ျတစ် ခုဖြစ်တဲ့ Classy Sassy မှာတော့ တစ်ခုကို ကျပ် ၄၀ဝ၀ နဲ့ ရောင်းချနေပါတယ်။

rgo 47 အွန်လိုင်းရှော့ပင်းကတော့ တစ်ခုကို ကျပ် ၉၅၀ သာ ရောင်းချပါတယ်။ သုံးစွဲသူတစ်ဦးဖြစ်တဲ့ စာရေးဆရာကိုဇေယျာက “ကျွန်တော့်အိမ်ကဝယ်လာတာ ငါးခုကို ကျပ် ၈၀ဝ၀ ပေးရတယ်တဲ့၊ အွန်လိုင်းမှာ ကြော်ငြာထားတာကတော့ တချို့က တစ်ခုကို ၄၀ဝ၀ နဲ့ ရောင်းနေတာတွေ့တယ်၊ တချို့က တစ်ခုကို ၉၅၀ လောက်နဲ့ပဲ ရောင်းနေတာတွေ့တယ်၊ ဈေးများတာဘာလို့လဲ မေးကြည့်တော့ ရောဂါကာကွယ်မှုပိုင်းကွာတယ်တွေ၊ ဈေးနည်းတာတွေကအတုတွေ ဖြစ်တတ်ဆိုပြီးပြောနေကြ တယ်၊ ဘယ်ဟာဘယ်လိုယုံရမှန်းမသိတော့ဘူး” လို့ ပြောပါတယ်။

Credit : kumudranews


28 Jul 2017     1,307 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS