BEC-TERO TV

လမ်းကြေးကောက်ခံရေးဂိတ် မှန်လုံအခန်းအား ခရီးသည်တင် Express ဝင်တိုက်

31 Jul 2017     1,305 Views


ရန်ကုန်−မန္တလေး အမြန်လမ်းမရှိ ၁၀၅ မိုင် ဖြူးဂိတ် လမ်းအသုံးပြုကြေး ကောက်ခံရေး မှန်လုံအခန်းအား မိုးသောက်ရောင်နီ ခရီးသည်တင် Express ကားမှ ဇူလိုင်လ ၃၁ ရက် နံနက်ဝေလီဝေလင်းအချိန်တွင် ဝင်တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မကွေးမြို့မှ ရန်ကုန်သို့ မောင်းနှင်လာသော မိုးသောက်ရောင်နီ ခရီးသည်တင် Express ကားသည် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ဖြူးဂိတ်ကို ဖြတ်သန်းစဉ် Express ယာဉ်၏ အတက်အဆင်းတံခါး ပွင့်နေသဖြင့် လမ်းကြေးကောက်ခံသူများ အလုပ်လုပ်သည့် မှန်ခန်းငယ်အား ဝင်တိုက်ခဲ့မိသဖြင့် လမ်းကြေးကောက်ခံရေးလုပ်သား အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြသည်။


ဒဏ်ရာရသူနှစ်ဦးကို ဖြူးအမြန်လမ်းရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး Express ယာဉ်မောင်းကို မဆင်မခြင်ပေါ့ဆစွာမောင်းနှင်မှုဖြင့် အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်−အမြန်လမ်းရဲတပ်ဖွဲ့
 


31 Jul 2017     1,305 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS