BEC-TERO TV

အောင်မြင်သူတစ်ယောက် မဖြစ်သေးဘူးဆိုတဲ့ မိုးဟေကို

31 Jul 2017     1,689 Views


ရုပ်ရှင်ထုတ်လုပ်ရေး၊ ပိုးထည်တိုက် စီးပွားရေလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကိုက သူမဟာ အောင်မြင်နေတဲ့သူတစ်ယောက် မဟုတ်သေးကြောင်း ကြိုးစားနေဆဲသူတစ်ယောက် အဖြစ်သာ ခံယူထားကြောင်း ပြောဆိုလိုက်ပါတယ်။

မကြာမီ စကော့ဈေးထဲမှာ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ဖို့ရှိတဲ့ မိုးဟေကိုက သူမရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ၉ လပိုင်းကျရင် ဒါရိုက်တာစတီးလ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးဖို့ရှိနေပါတယ်။

မိုး အနုပညာအလုပ်မှာ မိုးအောင်မြင်တယ်လို့ ဘယ်တော့မှ သဘောမထားသလို၊ စီးပွားရေးလုပ် တဲ့အချိန်မှာလည်း မိုး ပိုပြီးအောင် မြင်တယ်လို့ သဘောမထားပါဘူး။  ဘာကြောင့်လဲဆိုရင် မိုး ဒီနယ် ပယ်ကို လှမ်းလာတာ အရမ်းကိုသက်တမ်းနုသေးတဲ့ အတွက် ကြောင့် မိုးမှာအများကြီး လေ့လာစရာတွေရှိသေးတယ်။  မိုးကိုယ်မိုး အောင်မြင်တဲ့သူတစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ် ထားဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတဲ့ သူတစ်ယောက်လို့ပဲ ခံယူထားပါတယ်” လို့ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ မိခင်အတွက်ပါ အချိန်ပေးရင်း ပရိသတ်မျက်စိအောက်က မပျောက်သွားအောင် ကြိုးစားလျှက်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။


သတင်းကိုးကား−ပေါ်ပြူလာ
 


31 Jul 2017     1,689 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment