ဈေးသက်သာလို့ ဝယ်မိခဲ့တဲ့ အရုပ်က သရဲဝင်ပူးနေ (ရုပ်သံ)
31 Jul 2017 1,840 Views
ရံပုံငွေ ဈေးရောင်းပွဲတစ်ခုမှာ လှပကျော့ရှင်းတဲ့ မင်းသမီးကော်ပတ်ရုပ်လေးတစ်ရုပ်ကို ဝယ်လာမိတဲ့ ဇနီးမောင်နှံဟာ ထိတ်လန့်ခြောက်ခြားစရာ အဖြစ်များကို ကြုံတွေ့ပြီးနောက် အရုပ်မှာ သရဲပူးနေကြောင်း သိခဲ့ရပါတယ်။
ဒပ်ဘီနဲ့ ပေါလ်မာရစ် တို့ဇနီးမောင်နှံဟာ ရံပုံငွေဈေးရောင်းပွဲ တစ်ခုမှာ ရောင်းချတဲ့အရုပ်လေးတွေကို ဈေးတန်လို့ဆိုပြီး အရုပ် ၃ ရုပ်ဝယ်ယူခဲ့ပါတယ်။ အရုပ်တွေကို အိမ်ရဲ့အခန်းလွတ် တစ်ခုထဲမှာထည့်ထားလိုက်ပါတယ်။
ဒီအရုပ်တွေ အိမ်ရောက်လာပြီးချိန်ကစပြီး ခြောက်ခြားစရာ ဖြစ်ရပ်ဆန်းတွေ စတင်ခဲ့ပါတယ်။
မနက်အိပ်ယာက နိုးလာတော့ ယောက်ျားဖြစ်သူက သူ့ပခုံးနားက စပ်ဖျင်းဖျင်း ဖြစ်နေလို့ ကြည့်လိုက်မိတဲ့အခါ လက်သည်းခြစ်ရာ အစင်းတွေ တွေ့လိုက်ရပါတယ်။ သူ့အမျိုးသမီးမှာ လက်သည်းရှည် မရှိသလို သူမကလည်း မလုပ်ဘူးလို့ဆိုပါတယ်။
အဲဒီနောက် မီးလောင်ရင်မြည်တဲ့ ခေါင်းလောင်းတွေ အကြောင်းမဲ့ထမြည် စသည်ဖြင့် မျိုးစုံခြောက်လှန့်ပါတော့တယ်။
အရုပ်တွေကို သံသယဝင်ပြီးတဲ့နောက်မှာ ပလပ်စတစ်ပုံးထဲကို ပြောင်းထည့်ပြီး အဖုံးပိတ်ထားခဲ့ပါတယ်။ နောက်နှစ်ရက်လောက်အကြာ ပုံးကိုပြန်ဖွင့်ကြည့်တဲ့အခါ မင်းသမီးအရုပ်ဟာ သူထားခဲ့တဲ့ နေရာမှာမဟုတ်ပဲ နေရာပြောင်းနေပြီး အရုပ်ရဲ့ လည်ပင်းမှာ တင်းကျပ်နေအောင် စည်းထားတဲ့ ပုလဲလည်ဆွဲလေးဟာ ပြေလျော့ကျနေကြောင်း ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။
အဲသည်နောက်မှာတော့ အရုပ်ကို ပြန်ရောင်းဖို့ eBay မှာတင်ခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ကို ရုပ်သံမီဒီယာတစ်ခုက သိရှိပြီးသည့်နောက် တွေ့ဆုံမေးမြန်းခန်း တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲသည်လို မေးမြန်ခန်း ပြုလုပ်နေစဉ်မှာပင် အရုပ်လေးက ခြောက်လှန့်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဘယ်လိုများလဲဆိုတာ ဗီဒီယိုမှာ ရှုစားလိုက်ကြပါ။