BEC-TERO TV

၂၄ နာရီအတွင်း ၄၂ ကြိမ် အာသာဖြေခဲ့မှုကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး

31 Jul 2017     2,885 Views


လိင်အာသာဖြေခြင်းဆိုတာ အမျိုးသားများအတွက် ပုံမှန်သဘာဝပဲဖြစ်ပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်ခါစ အမျိုးသားများ ဟိုမုန်းပြောင်းလဲမှုကြောင့် လိင်စိတ်ဆန္ဒဖြစ်ပေါ်လာချိန်တွင် ခန္ဓာကိုယ်သွေးသားတောင်းဆိုမှုကြောင့် သုတ်ရည် ထုတ်ပေးရပါတယ်။

သင့်တင်မျှတသော လိင်အာသာဖြေခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပေမယ့် ဒီအလေ့အထကို စွဲလန်းပြီး အလွန်အကျွံပြုလုပ်ရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။
ဘရာဇီးနိုင်ငံက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ၂၄ နာရီအတွင်းမှာ ၄၂ ကြိမ် လိင်အာသာဖြေခဲ့တဲ့တွက် သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အမည်ဖော်ပြထားခြင်းမရှိသော သေဆုံးသူ၏ မိခင်က သူမရဲ့သားဟာ လိင်အာသာဖြေခြင်းကို အရှုးအမူးစွဲလန်းနေသူဖြစ်တယ်ဆိုတာ သိထားပါတယ်။ ဒါကြောင့် ဒီစိတ်ကို ဖြတ်နိုင်ဖို့ ဘယ်လိုကုသရင်ကောင်းမလဲလို့ အဖြေရှာနေတုန်းမှာ သားဖြစ်သူ အသက်သေဆုံးခဲ့ရတာပါ။

မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ သူမရဲ့သားဟာ ညဖက်တွေဆုရင် မအိပ်ပဲ သန်းခေါင်လောက်ကစပြီး တစ်ညလုံး သူဟာသူ အာသာဖြေနေတတ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းအချို့ကလည်း သူဟာ အမျိုးသမီးမှန်ရင် ကြီးကြီး ငယ်ငယ်၊ ပိန်ပိန် ဝဝ၊ ပျိပျို အိုအို အားလုံးကို စိတ်ဝင်စားသူ ဖြစကြောင်း ပြောဆိုခဲ့ပါတယ်။ သေဆုံးသူရဲ့ အခန်းထဲက အပြာစာအုပ်၊ ဓါတ်ပုံ ဗီဒီယိုတွေ အများကြီးတွေံရှိခဲ့ရုံမျှမက သူရဲ့ ကွန်ပျူတာထဲမှာလည်း အပြာကားတွေ ဓါတ်ပုံတွေ တွေ့ရှိခဲ့ရပါတယ်။
 


31 Jul 2017     2,885 Views




RELATED

Most Popular of Special or Others

Most Popular of NEWS