ဇနီးသည်နဲ့ ကွာရှင်းပြီးနောက် ပိုင်ဆိုင်သမျှအားလုံးကို တစ်ဝက်ခွဲပေးလိုက်သူ
01 Aug 2017 1,427 Views
လိမ်ညာဟန်ဆောင်ပြီး မိမိကွယ်ရာမှာ သစ္စာမထားတဲ့ ဇနီးသည်ကို ကွာရှင်းပြတ်ဆဲပြီးနောက် ပိုင်ဆိုင်သမျှပစ္စည်းများကို အရှိအတိုင်း တစ်ဝက်ခွဲပေးခဲ့တဲ့ ဂျာမန်အမျိုးသားတစ်ဦးရဲ့ လုပ်ရပ်ဟာ ဇနီးသည်အပေါ် အတော်လေး ခါးသီးနာကျည်းနေတာကို ထင်သာမြင်သာရှိစေပါတယ်။
ဇနီးသည် လော်ရာကို တစ်ဝက်ခွဲပေးပြီးတဲ့ နောက်မှာ သူ့အတွက် ကျန်ခဲ့တဲ့တစ်ဝက်ပစ္စည်းများကို eBay မှာ တင်ရောင်းချခဲ့ပါတယ်။ သူ့ရဲ့ ခွဲဝေပေးမှုက ဇနီးသည်အတွက်တော့ အတော်လေး ခံရခက်စေမယ့် လုပ်ရက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို အလယ်ကနေ တစ်ဝက်တိတိဖျက်ထုတ်ပြီးပေးခဲ့တာကြောင့် ဖြစ်ပါတယ်။
သူဘာတွေ ပေးခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး…။