BEC-TERO TV

တင်ပါးကို လွယ်အိတ်နဲ့ဖုံးပြီးမှလမ်းလျှောက်ရဲတဲ့ အရှက်ကြီးတဲ့ အေးသောင်း

01 Aug 2017     1,717 Views


လူမှုကွန်ရက်မှာ အေးသောင်းဆိုပြီး လူတိုင်းပါးစပ်ဖျားမှာ ရှိနေတဲ့ အေးဝတ်ရည်သောင်းကတော့ လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲလေးရိုက်ကူးနေပါတယ် ။ ပရိတ်သတ်နဲ့ ခဏကြာ အဆက်အသွယ် ပျက်သွားရတာကလဲ နိုင်ငံခြားထွက်သွားတာမျိုးမဟူတ်ပဲ ဒီနိုင်ငံမှာပဲကျောင်းတက်နေခဲ့တာလဲ ဖြစ်ပါတယ် ။

ဆိုရှယ်မီဒီယာတွေ အသုံးပြုရတာ စိတ်ဝင်စားတဲ့ အေးသောင်းဟာ ကိုယ်တိုင် မြန်မာဝတ်စုံဆိုင် ဖွင့်ထားတော့ ဆိုင်ထိုင်ရင်းနေ့တိုင်းဝတ်ဖြစ်တဲ့ ၀တ်စုံလေးတွေနဲ့ နေရာလှလှလေးတွေကို ရိုက်တင်ဖြစ်ခဲ့ရင်း ပရိတ်သတ် နဲ့ ပြန်လည် ရင်းနီးခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ အရမ်းပျင်းတယ်ဆိုတဲ့အေးသောင်းဟာ ဘော်ဒီလှလှလေးကို ပိုင်ဆိုင်ထားတာကတော့ အဓိက မေမေ့ကိုကျေးဇူးတင်ရမှာပါတဲ့ ဘယ်လောက်စားစား မ၀တက်တဲ့ အတွက်ကြောင့်လို့လဲ ပြောထားပါတယ် ။

ကိုယ်လုံးနဲ့ ပတ်သတ်ပြီး ငယ်ငယ်တုန်းက ရှက်လွန်းလို့ တင်ပါးကို လွယ်အိတ်နဲ့ ဖုံးပြီး လျှောက်ခဲ့ရတာ ။ အခုထိတောင်လူကြားထဲသွားရင် လုပ်ဖြစ်နေသေးတယ်။ ဒါကို ဂုဏ်ယူစရာထက် ရှက်နေသေးတယ် ။ ငယ်ငယ်က ဘောင်းဘီတိုလေးဝတ်ရင် ပေါင်နောက်မှာ အဆီတွေမရှိတော့ လှတယ်အခုတော့ မလှတော့ဘူး ။ဒါကြောင့်လဲ မြန်မာဝတ်စုံလေးတွေပိုဝတ်ဖြစ်နေတာလဲ ဖြစ်ပါတယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ လို့ ပြောသွားခဲ့ပါတယ်။

Credit:oasis


01 Aug 2017     1,717 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment