BEC-TERO TV

သိန်း၁၆၀ အကုန်ခံပြီး လိင်အဂါင်္ပြောင်းတော့မယ့် မိတ်ကပ်ညီညီမောင် (စမ်းချောင်း)

01 Aug 2017     1,407 Views


နိုင်ငံကျော် မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း) က ဘန်ကောက်မှာရှိတဲ့ Yan Hee Hospital မှာ လိင်အဂါင်္ပြောင်းလဲတော့မှာလဲ ဖြစ်ပါတယ် ။မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါရှိတဲ့ အတွက် လက်တလော ဆေးထိုးဆေးသောက် လုပ်ပြီးမှ ၂၀၁၈ ( ၄ ) လပိုင်းလောက်မှ သွားရောက်ပြုလုပ်ဖြစ်မှာလဲဖြစ်ပါတယ် ။

“ကိုယ်က sex change ဖို့ အရမ်းအားသန်နေတယ်လုပ်ချင်တယ် ။ ၈လပိုင်းလောက်မှာ လုပ်ချင်ပေမယ့် ဒီရက်ပိုင်းတွေ နှလုံးက မောတာတွေ ပိုဖြစ်လာတော့ နောက်ဆုတ်ဖြတ်ခဲ့တာပါ ။ လိင်အဂါင်္ပြောင်းလဲတာကလဲ အချစ်ရေးကြောင်းပြောင်းလဲတာ မဟုတ်ပဲ လူဖြစ်တုန်း လူ့ဘ၀လေးကို ကိုယ့်မိသားစု အသိုက်အမြုံလေးနဲ့ နေချင်တာကြောင့် ပြုလုပ်တာလဲ ဖြစ်ပါတယ် ။

မေမေ့ကို ငယ်ငယ်ကလေးတည်းက အားကျလို့ပါ ။ မေမေက မုဆိုးမ ဘ၀နဲ့ ရပ်တည်ခဲ့တယ် ။ မုဆိုးမတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ ခွန်အားကကြီးမားပါတယ် ။အဲ့ဒါကို အရမ်းသဘောကျတယ် ။ ကိုယ်နဲ့ ရွယ်တူ အသိမိတ်ဆွေတွေက အိမ်ထောင်ကျ ၊ ကလေးတွေ နဲ့ မိသားစုဘ၀တွေတည်ဆောက်နေကြပြီ ကိုယ့်မှ အခုဆို lonely ပဲ ။ ကိုယ်လည်း လူဖြစ်တုန်း လူ့ဘ၀လေးကို ကိုယ့်မိသားစုအသိုက်အမြုံလေးနဲ့နေချင်တာပါ ။

တခြားရည်ရွယ်ချက်တော့မရှိပါဘူး ။ဒီအရွယ်ရောက်မှ စုမိဆောင်းမိပြီး ကိုယ်ဖြစ်ချင်တဲ့ဘ၀လေးကို လုပ်ခွင့်ရတာပါ” ဆိုပြီးပြောသွားခဲ့ပါတယ် ။ လိင်အဂါင်္ပြောင်းလဲဖို့ အတွက်လဲ မြန်မာကျပ်ငွေ သိန်းတစ်ရာ့ ခြောက်ဆယ် ကုန်ကျမှာလဲ ဖြစ်တယ်လို့သိရပါတယ် ။

Credit:popular


01 Aug 2017     1,407 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment