BEC-TERO TV

ခွဲမွေးရမှာကြောက်ပေမယ့် သားလေးကိုတွေ့ချင်စိတ်နဲ့ အားတင်းထားတယ်ဆိုတဲ့ မိုးယု

01 Aug 2017     1,287 Views


သားဦးလေးကိုမွေးဖို့ တစ်လ သာလိုတော့တဲ့ မိုးယု ဟာ မိခင် တစ်ဦးဖြစ်တော့မှာဖြစ်တဲ့ အတွက်စိတ်ထဲမှာတော့ ကြည်နူးမိတယ် ခွဲမွေးရမှာကိုတော့ ကြောက်တယ်လို့ပြောထားပါတယ် ။ ကြောက်ပေမယ့် သားလေးကိုတွေ့ချင်စိတ်နဲ့ ကျော်ဖြတ်သွားမယ်လို့လဲ ပြောသွားပါတယ် ။

“ကလေးက ဘယ်လိုလေးလဲဆိုပြီး ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ပြီးတွေ့ချင်စိတ်တွေဖြစ်မိတယ် ။ တစ်လဆိုတဲ့အချိန်ကိုတောင်မစောင့်ချင်တော့ဘူး ။ ပထမဦးဆုံး ရင်သွေးလေးဆိုတော့လဲ စိတ်လဲ လှုပ်ရှားတယ် ။ ဆေးရုံဆေးခန်းလဲ သွားလေ့မရှိဘူး နေမကောင်းလဲ သိပ်မဖြစ်တော့ ဆေးရုံဆေးခန်းသွားရမှာ ကြောက်တဲ့ စိတ်တော့ ရှိတယ် ။ ခွဲစိတ်တာလဲ တခါမှ မလုပ်ဖူးဘူး ။ ကြောက်စိတ်တွေရှိပေမယ့် ဘေဘီလေးကိုတွေ့ချင်စိတ်နဲ့ပဲ ကျော်ဖြတ်ရမှာပေါ့လေ” ဆိုပြီး မိခင်လောင်းလေးရဲ့ ခံစားချက်လေးတွေကိုပြောထားပါတယ်။

Credit:popular


01 Aug 2017     1,287 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment