BEC-TERO TV

အဆိုတော်ခိုင်ထူး အရေးပေါ်တွင် ဆေးကုသမှုခံယူနေ

02 Aug 2017     1,719 Views


နိုင်ငံကျော်အဆိုတော် ခိုင်ထူး တစ်ယောက် အစာအိမ်သွေးယို ဝေဒနာကြောင့် ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ကုသခဲ့ရပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။


ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အဆိုတော် ခိုင်ထူး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းကို ၎င်းနှင့်အတူရှိနေသည့် အဆိုတော် ဂျေမောင်မောင်က ပြောကြားသည်။

စိုးရိမ်စရာတော့ မရှိတော့ ပါဘူး။ ထူထူထောင်ထောင်ပါပဲ။ ကျန်းမာရေးအတွက် ဆုတောင်း ပေးသူတွေ၊ ကူညီပေးတဲ့သူတွေ ကိုလည်း ခိုင်ထူးက အထူးကျေးဇူး တင်ကြောင်း ပြောပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုတော်ခိုင်ထူးသည် ဇူ လိုင် ၃၁ ရက်တွင် သွေးအန်သော ကြောင့် ရန်ကုန်ဆေးရုံကြီးအရေး ပေါ်ကုသဆောင်တွင် ဆေးကုသ မှုခံယူခဲ့ရပြီး လက်ရှိအချိန်အထိမူ ရောဂါရှာဖွေဆဲအဆင့်တွင်သာ ရှိသေးကြောင်း ခိုင်ထူးနှင့်နီးစပ် သည့် အနုပညာမိတ်ဆွေများက ပြောသည်။

အသားလည်း ဝါတယ်လို့ လည်း ပြောတယ်။ သွေးအန်လို့ သွေးသွင်းထားရတယ်လို့ ပြော တယ်။ လောလောဆယ်တော့ မှန်ပြောင်းကြည့်တဲ့ အဖြေကို စောင့်နေတယ်လို့ သိရပါတယ်” ဟု ကိုခိုင်ထူး၏မိတ်ဆွေတစ်ဦးက ပြောသည်။


သတင်းရင်းမြစ်−7DayDaily
 


02 Aug 2017     1,719 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS