BEC-TERO TV

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများထဲတွင် မြန်မာနိုင်ငံသားဟောင်း ၈၀% ရှိနေ

02 Aug 2017     1,252 Views


နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ လေးရာခန့်ရှိပြီး ယင်းတို့အထဲတွင် မြန်မာနိုင်ငံသားဟောင်း ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိ ယညွှန်ကြားရေးမှူး ဦးမင်းဇော် က ပြောသည်။


မြန်မာနိုင်ငံတွင် နိုင်ငံခြား သားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင် ရာလုပ်ငန်းများ ၂၀၁၅ မှ စတင် ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူ ၃၉၇ ဦးအနက် ၂၆၂ ဦးအား ခွင့်ပြု ထားပြီး ၈၉ ဦးကို အမြဲနေထိုင်ခွင့်ကတ်ပြားထုတ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးသို့တင်ပြထားကြောင်း ၎င်းကဆိုသည်။


လျှောက်ထားသူအများစု သည် မြန်မာနိုင်ငံသားဟောင်းများ ဖြစ်ကြောင်း ဦးမင်းဇော်က ပြော သည်။ “ခန့်မှန်းခြေ ရာနှုန်းအား ဖြင့်ဆို ၈၀ ရာခိုင်နှုန်းလောက်ပါ တယ်” ဟု ၎င်းကဆိုသည်။


နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို အမေရိကန်၊ စင်ကာပူ၊ သြစတြေးလျနိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားဟောင်းများက အများဆုံးလျှောက်ထားကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်းများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာ၌ အဆင်ပြေစေရန် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးကောင်စစ်ဝန်ချုပ်ရုံးများတွင် လျှောက်ထားနိုင်ခွင့်ကို ယခုနှစ်ဇွန်လက စတင်ခဲ့သည်။


ယခင်က မြန်မာနိုင်ငံသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရသည့် အခြေအနေဖြစ်သည်။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရရှိသူသည် ကနဦး ငါးနှစ်နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နှစ်တစ်ကြိမ် သက်တမ်းပြန်လည် အတည်ပြုရမည်ဖြစ်သည်။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို  မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသူ၊ ပြည်ပသို့အကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့သည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသား(သို့မဟုတ်) နိုင်ငံသူနှင့် အိမ်ထောင်ပြုထားသည့် ဆက်စပ်နိုင်ငံခြားသား စသည်တို့ လျှောက်ထားနိုင်သည်။


နိုင်ငံခြားသား အမြဲနေထိုင် ခွင့်ရရှိသည့် နိုင်ငံခြားသားတစ် ဦးလျှင် တစ်နှစ်ဒေါ်လာ ၁,၀၀၀ ၊ မြန်မာနိုင်ငံသားဟောင်းတစ်ဦးလျှင် တစ်နှစ်ကန်ဒေါ်လာ ၅၀၀၊ (၇)နှစ်မှ (၁၈)နှစ်အထိ ကလေးတစ်ဦးလျှင် ဒေါ်လာ၃၀၀ အခွန်ပေးဆောင်ရန် သတ်မှတ်ထားပြီး (၇)နှစ်အောက် ကလေးများအတွက် အခမဲ့ဖြစ်သည်။

7DayDaily


02 Aug 2017     1,252 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS