BEC-TERO TV

စင်ကာပူရောက် စည်းကမ်းမဲ့မြန်မာများအား ပညာပေးစည်းရုံးမှုများဆောင်ရွက်

02 Aug 2017     1,374 Views


စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားပေါင်းစုံ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိကြကာ ထိုအထဲတွင် မြန်မာနိုင်ငံသားများလည်း အပါအဝင်ဖြစ်သည်။ ကျောင်းသား၊ အရာရှိ၊ အလုပ်သမား စသည်ဖြင့် အလွှာအသီးသီးက မြန်မာများ စုဝေးရာ မြန်မာဈေးဆိုင်များ တည်ရှိရာ ပင်နီဆူလာပလာဇာသည် စင်ကာပူနိုင်ငံ၏ မြို့လည်ကောင် တည့်တည့်နေရာတွင် တည်ရှိသည်။


ယင်းပင်နီဆူလာပလာဇာနှင့် အနီးတစ်ဝိုက်တွင် စင်ကာပူနိုင်ငံကျက်သရေဆောင် ပါလီမန်ဟောင်း အဆောက်အဦ၊ အနုပညာပြတိုက်နှင့် စစ်အတွင်းက ပေါ်တူဂီများကို ခံတိုက်ခဲ့သည့် ခံတပ်ဟောင်းတို့ တည်ရှိသည့် စင်ကာပူ၏ အသည်းနှလုံးနေရာတည့်တည့် ဖြစ်သည်။


စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာကအသိမှတ်ပြုထားသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေး တိုက်တက်လာသည်နှင့်အမျှ အလုပ်သမားလိုအပ်ချက် ရှိလာသော စင်ကာပူနိုင်ငံက အိမ်နီးနားချင်းနိုင်ငံများထံမှ အလုပ်သမားများ ငှားယမ်းလုပ်ကိုင်စေခဲ့သည့်နောက် စင်ကာပူနိုင်င်တွင် နိုင်ငံခြားသားပေါင်းစုံ ဝင်ရောက်လာခဲ့သည်။ ထိုအထဲတွင် မြန်မာများလည်း အများဆုံးပါဝင်သည်။

နိုင်ငံခြားသားပေါင်းစုံတို့၏ အကျင့်စရိုက်ပေါင်းစုံက စင်ကာပူနိုင်ငံ၏ သန့်ရှင်းရေး လုံခြုံရေးကို ထိပါးလားခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးဌါနက နိုင်ငံခြားသားများလိုက်နာရန် ဥပဒေများကို တစ်ခုပြီးတစ်ခု ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့သည်။


စနေ၊ တနင်္ဂနွေနေ့များသည် ပင်နီဆူလာပလာဇာ၌ တိုးမပေါက်အောင် လူအစည်ဆုံးအချိန်ဖြစ်သည်။ ထိုနေ့များတွင် စားစရာအစားအစာများ အရက်ဘီယာများကို ယောက်ျားများသာမက အချို့မိန်းကလေးများကပါ အများသူငှာအသုံးပြုသည့် လူသွာစင်္ကြန်ပလက်ဖောင်းပေါ်တွင် စကားများအော်ဟစ်ပြောခြင်း ရံဖန်ရံခါ ဂစ်တာတီးခတ်ခြင်းတို့ကို ပြုလုပ်ကြသဖြင့် စင်ကာပူနိုင်ငံသားများနှင့် အခြားနိုင်ငံသားများအတွက် အနှောက်အယှက်ဖြစ်ကြရသည်။



အဆိုးဆုံးအခြေအနေကတော့ အမှိုက်များကို ဒီအတိုင်းထားသွားခြင်း ဘီယာဗူးခွံလေးများကို ပန်ရုံလေးများထဲ ထိုးထည့်သွားခြင်း၊ သောက်ထားသည့် စီးကရက် ဖင်စီခံလေးများ ပန်းအိုးထဲ စွန့်ပစ်သွားခြင်းတို့ပင်ဖြစ်သည်။
နောက်ဆုံး၌အဆိုပါနေရာအနီးတွင် အင်္ဂလိပ်−မြန်မာ နှစ်ဘာသာဖြင့် တားမြစ်ဆိုင်းဘုတ် စိုက်ထူရသည့်အထိ စင်ကာပူမြို့လည်ကောင်တွင် ရှက်စရာအတိဖြစ်ခဲ့သည်။


စင်ကာပူနိုင်ငံ မြန်မာအဖွဲ့အစည်းအချို့က လူမှုဝန်ထမ်းစိတ်ဖြင့် အဆိုပါနေရာများသို့ သွားရောက်ကာ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ သဘောပေါက်အောင် ပြောဆိုဆွေးနွေးခြင်းများ ဇူလိုင်လအတွင်းကလည်း ပြုလုပ်ခဲ့ကြကြောင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းဓါတ်ပုံများ ထွက်ပေါလာခဲ့သည်။


မိမိ၏ အပြုအမူလုပ်ရပ်ကြောင့် နိုင်ငံ၏ ဂုဏ်တက်နိုင်သလို ကျဆင်းသွားနိုင်ပါသဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာများအနေနှင့် ပိုမိုစည်းကမ်းရှိကြဖို့ လိုအပ်မည် ဖြစ်ပါတယ်။

သတင်းဓါတ်ပုံ−FB

 


02 Aug 2017     1,374 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS