BEC-TERO TV

စကပ်တိုလည်ပင်းဟိုက်တွေမကြိုက်ဘူး မလုံခြုံသလိုခံစားရတယ်ဆိုတဲ့Sexy ကျတဲ့ရွှေဇင်

03 Aug 2017     1,474 Views


Sexy model အဖြစ်နာမည်ကြီးတဲ့ ရွှေဇင်က “ ရွှေဇင် အရင်က sexy ကျတဲ့ fashion တွေဝတ်မိတယ်ဆိုတာ ငယ်ရွယ်နုပျိုမှုကိုအသုံးချတာမဟုတ်ပါဘူး ။ငယ်ငယ်က ရိုက်ချင်တာပဲ သိတယ် ။ငယ်သေးတော့ မဝေခွဲတတ်ဘူး ။ အလုပ်သဘောအရ စကပ်ဝတ်ရမယ်ဆိုရင်လဲ ဘယ်လောက်တိုတို ၀တ်လိုက်တာပဲ ။အက်ီၤ အဟိုက္ဆိုလဲ ၀တ္လိုက္တာပဲ ။ ဓါတ်ပုံ ရိုက်တော့လဲ ပိုစ့်ပေးတက်တယ်လို့ မဟုတ်ဘူး ဓါတ်ပုံဆရာ စိတ်ကြိုက် ကာစတန်မာ စိတ်ကြိုက်နေပေးခဲ့တယ်။ပုံတွေကိုပြန်စစ်ရမယ်ဆိုတာကိုလဲ မသိခဲ့တော့ တချို့ ဆိုးဆိုးရွားရွားပုံလေးတွေ ပရိတ်သတ်လက်ထဲ ရောက်သွားခဲ့တယ်။ 

အမှန်ဆို ရွှေဇင်က စကပ်တို အင်္ကျီလည်ပင်းဟိုက်တွေမကြိုက်ဘူး ။ ကိုယ့်ကိုကိုယ် မလုံခြုံသလိုခံစားရတယ် ။ကုပ်ကုပ်လေးနေတက်တယ် ။ ကြော်ငြာရှင်တွေရဲ့ အလိုအရ ဗိုက်ဖော်ပြီးရိုက်ရတာတွေရှိခဲ့တယ်။ ငယ်ငယ်က နားမလည်တော့ ရိုက်ခဲ့တယ် အခုချိန်ကြတော့ ငြင်းလိုက်တယ် ။ အလန်းစား ပြက္ခဒိန် တစ်ခုက နှစ်နှစ်ဆက်တိုက်   ကမ်းလှမ်းတာကိုငြင်းခဲ့ပါတယ် ။

ရွှေဇင်အတွက် ဒီလောကက အတော်အလှမ်းဝေးပါတယ် ။ လူမှုဆက်ဆံရေးတွေ အလုပ်သဘောတွေကို အခုမှ နေသားကျလာတာ ။ အခုနောက်ပိုင်း အ၀တ်အစား အနေအထိုင်တွေကို ဂရုစိုက်ဖြစ်တယ် ။ ပရိတ်သတ်ကိုလဲ ပုံလေးတွေစစ်ဆေးပြီးမှ ချပြတယ် ။ ဒါပေမယ့်  အွန်လိုင်းပေါ်ဆိုးဆိုးရွားရွားပုံတွေတက်တက်လာတယ် ။ ကြည့်လိုက်ရင် ဟိုးပေါက်စနကလေးဘ၀တုန်းက ပုံတွေ မနဲပြန်ကြည့်ယူရတယ် ။

အခုနောက်ပိုင်းတော့ လုံးဝအမှားမပါအောင်သတိထားဖြစ်တယ် ။နစ်နှစ်ခွဲလောက်တော့ရှိပြီ  ။ အချစ်ရေးကတော့ အေးဆေးပါပဲ ။ ရွှေဇင်က အရမ်းချစ်တက်သလို သံယောဇဉ်လဲ အရမ်းကြီးတယ် အငယ်ဆုံးလဲ ဖြစ်တော့ အဖော်တအားမက်တယ် ။ ချစ်သူဆိုလည်း အရမ်းချစ်တက်တယ်။ ကိုယ်ဘယ်လို ရည်းစားကို ထားမယ်ဆိုပြီး စဉ်းစားထားပေမယ့် ချစ်မိသွားပြီဆိုရင်မရတော့ဘူး ။ စိတ်ကူးနဲ့ တူတူမတူတူ အစွဲအလန်းကြီးသွားရော အမြဲကိုယ်ပဲ ခံစားရတော့ အခုတော့တစ်ယောက်တည်းပါပဲ လို့ ပြောသွားခဲ့ပါတယ်။

Credit:oasis                                                    


03 Aug 2017     1,474 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment