BEC-TERO TV

တယ်လီနောနဲ့ အူရီဒူးတို့ရဲ့ ဒေတာအခမဲ့အစီအစဉ်ရပ်ဆိုင်းလိုက်တာကြောင့် သုံးစွဲသူတွေဘက်ကကျေနပ်မှုမရှိကြောင်း

04 Aug 2017     1,328 Views


တယ်လီနောနဲ့ အူရီဒူးတို့ရဲ့ ဒေတာအခမဲ့အစီအစဉ်ရပ်ဆိုင်းလိုက်တာကြောင့် သုံးစွဲသူတွေဘက်ကကျေနပ်မှုမရှိကြောင်း တွေ့ရပါတယ်။ ဖုန်းငွေဖြည့်တိုင်းဒေတာ အခမဲ့အစီအစဉ်ပိတ်တော့မှာဖြစ်ကြောင်း အော်ပရေတာတွေက သုံးစွဲသူတွေဆီ စာတိုမက်ဆေ့ခ်ျတွေအသီးသီး ပို့နေကြပါတယ်။ အူရီဒူးရဲ့ အခမဲ့ဖေ့စ်ဘုတ်ခ်အစီအစဉ်ဟာ ဩဂုတ်လ ၁ ရက်နေ့မှာ ရပ်ဆိုင်းလိုက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့အစီအစဉ်ကို ရယူထားတဲ့သုံးစွဲသူတွေအတွက် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခ ၁၅ ကျပ်၊ အခြား အော်ပရေတာတွေဆီ ဖုန်းခေါ်ဆိုခ ၂၃ ကျပ်နဲ့ အင်တာနက်တစ်မိနစ်ခြောက်ကျပ်နှုန်းနဲ့ လျှော့ချပေးမှာဖြစ်တယ်လို့သိရပါတယ်။ အူရီဒူးမှတာဝန်ရှိ သူတစ်ဦးရဲ့အဆိုအရဒေတာအခမဲ့အစီအစဉ်ကို စအတည်ပြုဖို့ကို ဩဂုတ်လ ၁ ရက်နေ့မှာထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခမဲ့အစီအစဉ်ပေးတုန်းကို ပက်ကေ့ခ်ျဝယ်ထားရင်တောင်သိပ်မဖြတ်ဘူး၊ သုံးရက်လောက် အခမဲ့သုံးလို့ရနေတော့သုံးရတာအဆင်ပြေတယ်၊ အခမဲ့မပါရင် ဘီလ်က အရမ်းကုန်တယ်၊ အဲဒါကြောင့် ဒီအစီအစဉ်တော့ မပိတ်စေ ချင်ဘူးလို့ အူရီဒူးသုံးစွဲသူတစ်ဦးက ဆိုပါတယ်။

နောက်ပြီး တယ်လီနောရဲ့ စိတ်ကြိုက်အစီအစဉ်မှ အထူးအစီအစဉ်ဖြစ်တဲ့ အခမဲ့ ဒေတာ ၁၅၀မဂ္ဂါ ဘိုက်လည်း ဇူလိုင်၂၀ ရက် နေ့ကစပြီး မရတော့ကြောင်းသုံးစွဲသူတွေဆီ စာတိုမက်ဆေ့ခ်ျတွေပို့ခဲ့တာ ဖြစ်ပါတယ်။ စိတ်ကြိုက်အစီအစဉ်ဟာ တယ်လီနောသုံးစွဲသူတွေအများစုကြိုက်နှစ်သက်ပြီး အသုံးများတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သည်ကိစ္စနဲ့ပတ်သက်ပြီး တယ်လီနောသုံးစွဲသူတစ်ဦးက အရင်တုန်းကတော့ ဘီလ်ထည့်ရင် ၁၅၀ မဂ္ဂါဘိုက်ရတယ်၊ ဒါပေမဲ့အခုပြောင်းလဲလိုက်တာ ကြောင့် အင်တာနက်က အရမ်းဖြတ်တယ်၊ အရင်ကဆို ဖေ့စ်ဘုတ်ခ်တစ်ပတ်စာ ဝယ်ရင် တစ်ပတ်လောက်နီးနီးသုံးလို့ရရင် အခုဆို တစ်ရက်ခွဲလောက်နဲ့ ၉၉၉ မဂ္ဂါဘိုက်ကကုန်နေပြီလို့ ဆိုပါတယ်။ မြန်မာ့ဆက်သွယ်ရေးတစ်ခုဖြစ်တဲ့ အမ်ပီတီကလည်း အမ်ပီတီရဲ့ ပက်ကေ့ခ်ျ နှုန်းထားတွေကို ကုန်သွယ်ခွန်ပါဝင်ပြီး ဈေးနှုန်းတွေအဖြစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး ပြင်ဆင်သတ်မှတ်သွားမှာဖြစ်တဲ့ အပြင် အဲသည်နေ့ကစပြီး Voice Pac-kage နဲ့ Data Package တွေကိုလည်းပြင်ဆင်မှုတွေပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

Credit : kumudranews (မေဘယ်လ်)


04 Aug 2017     1,328 Views




RELATED

Most Popular of Special or Others

Most Popular of NEWS