ဗြိတိသျှ ဒုသံအမတ်၏သမီးကို မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီစေရန် မြန်မာအမည်မှည့်ခေါ်
04 Aug 2017 1,406 Views

ဗြိတိသျှသံရုံး၏ ဒုသံအမတ် David Hall နှင့် ယူကေနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနအရာရှိ Jenni Hall တို့ က သူတို့၏သမီးငယ်ကို 'သင်းသဇင်' ဟူ၍ မြန်မာနာမည်ပေးခဲ့ကြကြောင်း သိရသည်။
ပုံတွင် အသက် ၁ နှစ်နှင့် ၆ လ ရှိပြီ ဖြစ်သော သင်းသဇင်မှာ မြန်မာလုံချည်ဝတ်ဆင်ကာ အားကစား ဖိနပ်စီးထားသည်ကို တွေ့ရသည်။
.jpg)
Dave နှင့် Jenni တို့သည် သူမအား မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရင်းနှီးဆက်စပ်မှုရှိစေရန်နှင့် မြန်မာ သူငယ်ချင်းများနှင့် မိတ်ဖွဲ့နိုင်စေရန် မြန်မာနာမည်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
.jpg)
သူမ စကားပြောသင်ယူပါက အင်္ဂလိပ် နှင့် မြန်မာစကားနှစ်မျိုးလုံးကို အသုံးပြုနိုင်
မည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်းရင်းမြစ်−ပြည်မြန်မာ







