BEC-TERO TV

အချစ်ရေးက စိတ်ဝင်စားဖို့မကောင်းပါဘူးလို့ပြောလိုက်တဲ့ ရွှေအိမ်စည်

04 Aug 2017     1,296 Views


Miss ပွဲတွေကနေ လူသိများလာပြီး အားပေးမှုတွေအများအပြားရှိခဲ့သလို ဝေဖန်မှုများစွာကိုလည်းခံခဲ့ရတဲ့ ရွှေအိမ်စည်ဟာ အနုပညာလောက ထဲကို ၂၀၁၅ လောက်ထဲကရောက်ရှိခဲ့တာလဲ ဖြစ်ပါတယ် ။လန်ဒန်မှာကျောင်းတက်နေရင်း ကျောင်းအားတဲ့အချိန်လေး ၁၅ နှစ်အရွယ်ထဲက မော်ဒယ် စလုပ်ခဲ့ပြီး  ၁၆ နှစ်မှာ ဘွဲ့ရတဲ့ အထိမနေလိုက်ဘဲ မြန်မာနိုင်ငံကိုပြန်လာခဲ့ပါတယ် ။

လန်ဒန်မှာ fashion catalog modelling ပဲလုပ်ခဲ့တော့ cat walk လုံးဝ မလျှောက်တက်ဘူးပြန်ရောက်မှ သင်ခဲ့ရတယ် ။ ဝေဖန်မှုတွေကို အရင်က သိပ်မခံနိုင်ဘူး နောက်ပိုင်း တခါတလေတော့လည်း ပုတ်ခတ်စော်ကားတာတွေ ခံရခက်ပါတယ် ။ ဝေဖန်တာကို အိမ်စည် လက်ခံတယ် အားနည်းချက်ကိုထောက်ပြတာ ကျေနပ်တယ်ပျော်တယ် ။ အားနည်းချက်ကိုမြင်လို့ချစ်စိတ်နဲ့ သတ်ပေးခဲ့ရင် ယုံကြည်မှုပိုရှိပြီး ပိုကြိုးစားဖြစ်တယ် ။

ပရိတ်သတ်တွေကို ပိုကောင်းတဲ့ အနုပညာအစစ်တွေကို ချပြချင်တယ် ကြိုးစားကြည့်ချင်တယ် ။ သူများနဲ့မတူတဲ့ different ဖြစ်တဲ့ အနုပညာကိုချပြချင်တဲ့ စိတ်နဲ့ ဒီလောကထဲကို ၀င်ခဲ့တာလို့လဲပြောထားပါတယ် ။

အသက် ၁၂ နှစ်ထဲက လန်ဒန်မှာရောက်နေခဲ့ပြီး အမေကလဲ အင်္ဂလိပ်လိုပဲပြောတော့ ကြားထဲမှာ မြန်မာစကားတောင်မေ့သွားခဲ့သေးတယ် ။ ပြန်ရောက်မှ ပြန်အသားကျသွားခဲ့တယ် ။ အသက်ကြီးရင်တော့ မြန်မာနိုင်ငံမှာပဲ အခြေချဖို့များပါတယ် ။ အိမ်စည် ကလုံးဝစိတ်မရှည်ဘူး စိတ်တိုတအားမြန်တယ် ။မျက်နှာမှာလည်းပေါ်နေတယ် ဟန်မဆောင်တက်ဘူး စိတ်တိုတာနဲ့မျက်နှာမှာပေါ်တယ် ပျေိာရင်လဲ ပေါ်တယ် ။အိမ်စည် စိတ်ထဲဘာဇြစ်နေတယ်ဆိုတာ မျက်နှာမှာဖတ်လို့ရတယ် ။ sweet ဖြစ်တဲ့ အစားအစာတွေကိုလည်းကြိုက်တယ်လို့ ပြောထားပါတယ်။

လူအများရဲ့ စိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့ အိမ်စည် ရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ တဲ့ အိမ်စည် အချစ်ရေးက စိတ်ဝင်စားဖို့မှ မကောင်းတာ ဆိုပြီးတော့လဲ ပြောသွားခဲ့ ပါတယ်။

Credit:oasis


04 Aug 2017     1,296 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment