BEC-TERO TV

မိတ်ကပ် ညီညီမောင်( စမ်းချောင်း ) ဘာတွေ ပြုပြင်ထားလဲ

04 Aug 2017     1,573 Views


အလှဖန်တီးရှင်လောကမှာ နှစ်ပေါင်း ၂၀ ကျော်ရပ်တည်ခဲ့ပြီး အောင်မြင်မှု ရနေတဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း ) သုသု ဟာ အခုဆိုရင် အရင်ပုံစံနဲ့ အတူအောင် လှပလို့နေပါတယ် ။ မကြာသေးခင်ကလဲ သုသု ရဲ့ လိင်ပြောင်းမယ့် အစီအစဉ်တွေကို ရေးသားဖော်ပြခဲ့ပါသေးတယ် ။ အခုတခါမှာတော့ သုသု ဟာ အရင်နဲ့ မတူတော့ ပဲ အရမ်းလှနေတဲ့ သုသု ဖြစ်သွားရတဲ့ အကြောင်းအရာတွေကို သုသုကို ချစ်တဲ့ ပရိတ်သတ်တွေကို ပြန်လည်ဝေမျှ ပေးလိုက်ရပါတယ် ။

မိတ်ကပ်ညီညီမောင်(စမ်းချောင်း) သုသု ဟာ “ နှုတ်ခမ်း ၊ နှာခေါင်းပြင်ထားတယ် ။ မျက်နှာထဲကို ကြိုးထိုးထားတယ် ။ ရင်သားခွဲစိတ်မှုလဲလုပ်ထားတယ် ။ ၁၅ ရက် ၊ ရက် ၂၀ နောက်ပိုင်းမှာလဲ ဘန်ကောက်ထပ်သွားပြီး မေးစေ့ ခွဲစိပ်တာလေးသွားလုပ်မယ် ။ ဆရာဝန်နဲ့တိုင်ပင်ပြီး အဆီထုတ်ခဲ့ ဖို့လဲ ရှိတယ် ။ အသေးစားခွဲစိတ်မှုတွေကတော့ လုပ်လို့ရတယ်ဆိုတော့ အဲ့ဒါလေးတွေနည်းနည်းသွားလုပ်မယ်” ဆိုပြီးပြောထားပါတယ် ။

အရင်ကတော့ မိတ်ကပ်ပညာရှင်ဆိုတာ လက်ကောင်းရင် ပြီပြီလို့ ထင်ခဲ့တယ် ။ နှုတ်ခမ်း ၊ နှာခေါင်း ပြင်လိုက်တဲ့ အခါ ရလာတဲ့ result ကိုကြိုက်လာတယ် ။ ချစ်သူ သက်တန်း ၂နှစ်ကျော်နေပြီ ဖြစ်တဲ့ သုသုရဲ့ ချစ်သူ ဒီဇိုင်နာ ဟာလဲ သုသု sex ချိန်ခြင်း မချိန်းခြင်း အပေါ် အချစ်ရေးကတော့ ဘာမှ ပြောင်းလဲ မှာ မဟုတ်ပါဘူး ။ နှစ်ယောက်ကမ္ဘာကိုတော့ သူငယ်ချင်းအပေါင်းအသင်းတွေ ကိုယ့် အသိုင်းအ၀ိုင်းက လူတွေနဲ့ပဲ ဧည့်ခံပွဲလေးလုပ်ဖို့တော့ အစီအစဉ်ရှိတယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:7day


04 Aug 2017     1,573 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment