ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပြည်တော်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေ ကို စက်မှုဇုန်တွေ ကြိုဆို
07 Aug 2017 1,430 Views

မကြာသေးမီက ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပြည်တော်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေဟာ လှိုင်သာယာနဲ့ ရွှေလင်ဗန်းစက်မှုဇုန်တွေမှာ ဝင်ရောက်လုပ်ကိုင်လာကြတာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွှေလင်ဗန်း စက်မှုဇုန်ဥက္ကဋ္ဌ၊ Unique HTT ကုမဏီ၊ မန်နေးဂျင်းဒါရိုက်တာ ဦးအေးသောင်းက သူ့အမြင်သူ့သဘောထား၊ သူ့အတွေ့အကြုံတွေကို သုံးသပ်ပြောကြားပါတယ်။
“ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပြည်တွင်း စက်မှုဇုန်တွေ ကုမဏီတွေမှာ အလုပ်လုပ်မယ်ဆိုရင် ကြိုဆိုတာပေါ့ဗျာ၊ စက်ရုံတွေ များများ ဖွင့်နိုင်လေ လူထောင်ချီပြီး အလုပ်လိုအပ်လေပါ ပဲ၊ ကျွန်တော်တို့ စီမံခန့်ခွဲရေး ကော်မတီကတော့ ကြိုဆိုပါတယ်၊ သူတို့က ပြည်ပကအတွေ့အကြုံရှိပြီးသားလေ၊ ပြည်ပမှာ လုပ်ခဲ့သလိုသာ ပြည်တွင်းမှာ အလုပ်လုပ်ရင် ကျန်တဲ့သူတွေလဲ အတုယူစရာဖြစ်သလို လုပ်ခလစာတွေလဲ ပိုရဖို့ရှိပါတယ်၊ ကျွန်တော်တို့ ရွှေလင်ဗန်းမှာ တော်တော်များများ ရောက်လာပါတယ်၊ ရောက်လာတဲ့အခါ သူတို့ကျတော့ ကျွမ်းကျင်ဝန်ထမ်း ဖြစ်သွားတာပေါ့၊ ဟိုမှာကျတော့ ခိုလို့မရတော့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ရတယ်၊ အဲဒီတော့ ဒီမှာရှိနေတဲ့ သူတွေထက် ပိုကျွမ်းကျင်တာကို တွေ့ရတယ်၊ လတ်တလောမှာ သူတို့ ရဲ့အရည်အချင်းတွေ မသိသေးတဲ့ အခါ အစိုးရသတ်မှတ်တဲ့နှုန်းထား အတိုင်းပေးတာပေါ့၊ အဲဒီအပေါ်မှာ အချို့က စက်နှစ်လုံးကိုင်နိုင်တယ်၊
ဥပမာ-လူတစ်ယောက်က ၁၀ဝ ပြီး ရမယ့်ဟာကို ၂၀ဝ ပြီးတယ်ဆိုရင် တောင်းဆိုခွင့်တွေ စနေပါပြီ၊ ၂၀ဝစာ ဘောနပ်တွေနဲ့ ပေးတာတွေ ဖြစ်လာပြီ၊ နိုင်ငံခြားမှာတတ်လာပြီး ဒီမှာယှဉ်ပြီးလုပ်ကြတဲ့အခါ ဒီက အားနည်းနေတာလေးတွေ သိလာတယ်၊ အစက တစ်ရက်နှစ်ရက် မှာ မသိသာဘူး၊ လစာထုတ်တဲ့အခါ ကျတော့ သူတို့ရတဲ့လစာနဲ့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေရဲ့လစာက ကွာဟသွားတော့ မျက်လုံးပြူးသွားတယ်၊ အဲဒါကြောင့် နိုင်ငံခြားကပြန် လာတဲ့ လုပ်သားတွေနဲ့ ဒီကလုပ်သားတွေ အတွေ့အကြုံ ဖလှယ်တဲ့ ပွဲလေးတွေ လုပ်ပေးတယ်၊ကျွန်တော်တို့ဆီက ကျွမ်းကျင်တယ်ဆိုတာက အလုပ်လုပ်ရင်းနဲ့ ကျွမ်းကျင်လာတယ်၊ ဟိုမှာကျတော့ စနစ်တကျ သင်ပေး ပြီး တတ်မြောက်လာတာ၊ စနစ်ကျတာနဲ့ စနစ်မကျတာ ကွာသွားပါတယ်၊ ဒါလေးတွေကိုတော့ တချို့လက်ခံလာကြပြီပေါ့၊
“….ကျွန်တော်ဆိုလိုတာက အ လုပ်သမားထုအားလုံးကို ကိုယ်ကျ ရာနေရာမှာ စိတ်ရောကိုယ်ပါ ကျွမ်း ကျွမ်းကျင်ကျင် တစ်ဖက်ကမ်းခပ် အောင် လုပ်ကြပါ၊ ဒီမှာက အလုပ်ရှင် က ပေးတဲ့နှုန်းထားပေါ်မှာ ရတဲ့ သ ဘောဖြစ်တယ်၊ နိုင်ငံတကာမှာကျ တော့ ဒီလိုမရှိတော့ဘူး၊ ကိုယ်ဘယ် လောက် တတ်သလဲ၊ တတ်တဲ့အ ပေါ်မှာ ငါဘယ်လောက် လိုချင် တယ်ဆိုတဲ့ ကိုယ်တိုင်တောင်းဆို နိုင်တဲ့ ပုံစံမျိုးကို ကျွန်တော်တို့က ဖြစ် စေချင်တယ်၊ နိုင်ငံခြားက ပြန်လာ တဲ့ သူတွေကျတော့ ကိုယ့်အရည်အ ချင်းအလိုက် တောင်းဆိုတတ်တဲ့ အ နေအထားဖြစ်လာတယ်၊ ဒါဟာ ကောင်းတဲ့ အလေ့အထ ဖြစ်တာပေါ့ ˘
စက်ရုံအလိုက်
လစာခံစားခွင့်နဲ့ ပတ်သက်လို့ကတော့ စက်ရုံအမျိုးအစားနဲ့ လည်း သက်ဆိုင်ပါတယ်။ ဥပမာ ဂျက်ကက်ချုပ်တဲ့ စက်ရုံမျိုးဆိုရင် တော့ ခက်ခဲတဲ့အတွက် နိုင်ငံခြားက ပေးတဲ့ အတိုင်း ပေးနိုင်တယ်။ အများစုလုပ် နိုင်တဲ့ လုပ်ငန်းမျိုးကျတော့ နိုင်ငံခြားက ပေးတာထက် နည်းပါသေးတယ်။ စက်ရုံအားလုံးကတော့ နိုင်ငံ ခြားနဲ့ ကွာနေသေးတယ်။ အော်တိုတော့ ဖြစ်ပေမဲ့ ဆီမီးအော်တို၊ တစ်ပိုင်းတစ်စ အော်တိုပဲရှိသေးတယ်။ ဥပမာ ပြောရရင် ကြယ်သီးဖောက် တဲ့စက်ဆိုရင် သည်မှာ လူကချိန်ပြီး တည့်အောင် လုပ်ရတယ်။ တစ်ပေါက်ချင်းဖောက်ရတယ်။ ဟိုမှာက ထည့်လိုက်တာနဲ့ လူမလိုဘဲ ကြယ်သီးတွေ ငါးပေါက်ဖောက်ပြီးသား ထွက်တယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှု ငွေကြေးပိုင်းက အများကြီးပြောင်းလဲဖို့ လိုနေသေးတယ်။ လတ်တလော အကြံပြုချင်တာက ကိုယ့်ရပ်ကိုယ့်ရွာဆိုတော့ အကုန်အကျ သက်သက်သာသာနဲ့ အလုပ်လုပ်နိုင်တယ်လို့ မြင်ပါတယ်။
ပြည်တော်ပြန် အလုပ်သမားတွေ အနေနဲ့ လှိုင်သာယာ နဲ့ ရွှေလင်ဗန်းစက်မှုဇုန်တွေမှာ အများဆုံးဝင်ရောက် လုပ်ကိုင်ကြတာ များပါတယ်။ စက်ရုံ တစ်ခုမှာ ဆယ်ဂဏန်းလောက်တော့ ရှိပါတယ်။ တချို့ကျတော့ မပြောဘူး။ သူတို့ဖြည့်တဲ့ CV Form ပေါ် မူတည်ပါတယ်။ ပြည်တော်ပြန်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် မပြောတဲ့သူလည်း ရှိပါတယ်။ ထိုင်း ကတင် ၆၀,ဝ၀ဝ၊ ၇၀,ဝ၀ဝ လောက် ပြန်လာတယ်။ ရန်ကုန်မှာ ရေရှည် နေဖို့က အလုပ်မလုပ်လို့ မရတော့ဘူး၊ ဒါကြောင့် စက်မှုဇုန်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြတာ များပါတယ်။ သူတို့ကတော့ အလုပ်ရတာ လွယ်ကူပါတယ်။ လစာနှုန်းထားအနေနဲ့ ကျပ်တစ်သိန်းကျော်က စပေးရပါတယ်။ စက်ရုံ တစ်ရုံနဲ့ တစ်ရုံကတော့ လစာပေးတဲ့ နှုန်းက မတူညီနိုင်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်မှုအလိုက် ခံစားနိုင်အောင်တော့ ဆောင်ရွက်ပေးနေကြတာ ဖြစ် ပါတယ်။
Credit : kumudranews