BEC-TERO TV

ဂျက်အင်ဂျင်တပ် စက်ဘီးကို ရုရှားအင်ဂျင်နီယာတီထွင် (ရုပ်သံ)

07 Aug 2017     1,881 Views


ဘီးနှစ်ဘီးထဲဖြင့် အမြန်မောင်းလိုသူများအတွက် စက်ဘီးနှင့်မော်တော်ဆိုင်ကယ် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းလျှင် ဆိုင်ကယ်ကိုသာ ရွေးချယ်ဖြစ်ကြဖို့ များမှာပါ။ ပိုပြီးမြန်မြန်မောင်းချင်တယ် ဆိုရင်တော့ ဆိုင်ကယ်ကို ဂျက်အင်ဂျင် တပ်နိုင်ပေမယ့်လည်း လမ်းပေါ်မှာ နေ့စဉ်မောင်းနှင်ဖို့ အတွက်တော့ အန္တရာယ်များလွန်းတာကြောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဂျက်အင်ဂျင် တပ်ထားတဲ့ စက်ဘီးဆိုလျှင်တော့ တစ်မူထူးခြားနိုင်ပါတယ်။


အိုက်ဂေါ်နီဂိုဒါ ဟာ ရုရှားအင်ဂျင်နီယာတစ်ဦးပါ။ သူ ဟာ ပစ္စည်းအထူးအဆန်းလေးတွေကို တီထွင်ရတာ ဝါသနာကြီးသူ တစ်ဦးဖြစ်ပါတယ်။ ယခုလည်း တစ်ကယ် အံ့သြချီးမွမ်းစရာ ကောင်းလှတဲ့ ဂျက်အင်ဂျင်တပ် စက်ဘီးကို တီထွင်ခဲ့ပြန်ပါပြီ။
ဒီအိုင်ဒီယာတွေ အားလုံးရဲ့ အစဟာ မမျှော်လင့်ဘဲ တာဘိုင် တစ်လုံး ၀ယ်ယူရာမှ ရလာခဲ့တာပါ။ တီထွင်ပြီးတဲ့ အချိန်မှာတော့ သူဟာ ဗီဒီယိုရိုက်ပြီးပြသခဲ့ပါတယ်။ အိုက်ဂေါ် ဟာ သူ့၏ဗီဒီယိုကို စမ်းသပ်မှုနှစ်မျိုးနှင့် ပြသခဲ့ပါတယ်။



ပထမတစ်ဆင့်မှာ စက်ဘီးလက်ကိုင်ကို ကိုင်ထားပြီး တာဘိုင်ကို မောင်းပြပါတယ်။ မကြာခင်မှာဘဲ မီးခိုးတွေ ထွက်လာပြီး တာဘိုင်အတွင်းပိုင်းမှာ စတင်လောင်ကျွမ်းပါတော့တယ်။ နောက်မှအသံကျယ်ကြီး မြည်ဟည်း လာပြီး တာဘိုင်နောက်ပိုင်းမှ မီးစတင်ထွက်လာပါတယ်။ ၆၂၂ ဒီဂရီရောက်တဲ့ အခါမှာ အင်ဂျင်ကိုပိတ်ပြီး အအေးခံထားလိုက်ပါတယ်။ သူဟာ ကျန်တဲ့ ဆိုင်ကယ်အစိတ်အပိုင်းတွေဖြစ်တဲ့ ဓာတ်ငွေ့ဖိစက်၊ အဆက်များနှင့် ဘထ္ထရီတို့ကို ဗီဒီယိုထဲမှာ ပြသခဲ့ပါတယ်။ ဆီထည့်ထားတဲ့ ဗူးကိုတော့ သူ့၏ ကျောပိုးအိတ်ထဲမှာ ထည့်ထားပါတယ်။


ဒုတိယတစ်ဆင့်မှာတော့ အိုက်ဂေါ်ဟာ အင်ဂျင်ကိုပြန်လည် လည်ပတ်စေပြီး အနီးနားမှာရှိတဲ့ ဖုန်တွေနဲ့သဲတွေ ကိုရှင်းလင်းစေခဲ့ပါတယ်။ ဒါတွေအားလုံးပြီးသွားတဲ့ အချိန်မှာ အိုက်ဂေါ်ဟာ သူ့စက်ဘီးရဲ့အမြန်နှုန်းကိုပြဖို့ အနီးအနားတစ်လျှောက် မောင်းနှင်ပြခဲ့ပါတယ်။ အိုက်ဂေါ် နီဂိုဒါ ဟာ အထင်ကြီးစရာကောင်းတဲ့ တီထွင်မှုတစ်ခု ကို ချပြနိုင်ခဲ့ပါတယ်။

ကိုယ်တိုင်ရှုစားလိုက်ကြပါဦး…။







 


07 Aug 2017     1,881 Views




RELATED

Most Popular of Special or Others

Most Popular of NEWS