BEC-TERO TV

YBS(၇)ယာဉ်လိုင်းတွေမှာ မှတ်တိုင်အမည်ကိုဖော်ပြတဲ့LED System ကို စမ်းသပ်ဆောင်ရွက်နေ

07 Aug 2017     1,657 Views


ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ YUPT မှ ယာဉ်လိုင်းတွေမှာ မှတ်တိုင်အမည်ကိုဖော်ပြတဲ့ LED System ကYBS (၇)ယာဉ်လိုင်းမှစတင်ပြီး စမ်းသပ်နေတာ ဖြစ်ပါတယ်။ဇူလိုင်လ(၃၁)ရက်နေ့ကပြုလုပ်ခဲ့တ YUPT ကုမ္ပဏီရဲ့ Control Centre ဖွင့်ပွဲမှာ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒီLED System ကိုYBS ယာဉ်လိုင်းတွေမှာ ယာဉ်အကူမပါဝင်တော့တဲ့ အတွက်ကြောင့် အကောင်အထည်ဖော်တာဖြစ်ပြီး အဓိကကတော့ နယ်မှလာတဲ့ ခရီးသည်တွေ မှတ်တိုင်အမည်တွေမသိတဲ့အတွက် ခရီးသွားပြည်သူတွေ အဆင်ပြေစွာသွားလာနိုင်ဖို့ LED System ကို ပြုလုပ်ဖို့ဖြစ်လာတာလို့သိရပါတယ်။

ယခုလက်ရှိမှာတော့ LED System ကို ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီအနေနဲ့ သူတို့ကုမ္ပဏီရဲ့ယာဉ်လိုင်းတွေဖြစ်တYBS (၇)၊YBS(၅၈)စတဲ့ ယာဉ်လိုင်းတွေမှာ အသေးစိတ်စမ်းသပ်နေပြီဖြစ်ပြီး LED System စမ်းသပ်မှု အောင်မြင်တာနဲ့ တပ်ဆင်သွားမယ့် ယာဉ်လိုင်းနံပါတ်တွေကို ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


07 Aug 2017     1,657 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS