BEC-TERO TV

ပျော်တယ်ထင်ရပေမယ့် နောက်ကွယ်မှာ နှိပ်စက်ခံနေရတဲ့ ခြောက်နှစ်သားလေး

08 Aug 2017     1,391 Views


ကာအိုလန်ဟာ အသက်ခြောက်နှစ်အရွယ် ကလေးလေးတစ်ယောက်ပါ။ သူ့၏မိခင် နာတာလီ မယ်ဂူမီဟာ သူမရဲ့သားကို အပတ်တိုင်း ကစားကွင်းသို့ ခေါ်သွားနေကြပါ။ တနေ့မှာ သူမရဲ့သားဟာ ကစားကွင်းကို့  မသွားတော့ဘူးလို့ ပြောလာတဲ့ အခါ သူရဲ့မိခင်ဟာ အရမ်းကို အံ့သြသွားပါတယ်။ ဒီအရွယ် ကလေးတွေဟာ အဖော်နဲ့ကစားနေကြပါ။

 

စုံစမ်းကြည့်လိုက်တော့ အံ့သြစွာနဲ့ပဲ သူမရဲ့က လေးဟာ သူ့ထက်အသက်ကြီးတဲ့ကလေးတွေရဲ့  အနိုင်ကျင့်ခံနေရကြောင်းတွေ့ရှိခဲ့ရပါတယ်။ သူမရဲ့သားက တော့ လောကကြီးမှာ အနိုင်ကျင့်တဲ့သူတွေမရှိဘဲ ကောင်းတဲ့သူတွေပဲရှိရင် သိပ်ကောင်းမှာပဲ၊ သူတို့တွေကို ကြောက်တယ်၊ လောကကြီးမှာ မရှိစေချင်ဘူး လို့တောင် သူမကိုငိုယိုပြီးပြောဆိုခဲ့ပါတယ်။ ဒီဝမ်းနည်းဖွယ် ဖြစ် ရပ်ကတော့ မောက်အီးဂဲလ်ပန်းခြံ၊ အနောက်ဘဲလ်ဖက်စ်မှာ ဖြစ်ပွားခဲ့တာပါ။

ကာအိုလန်လေးဟာ သူ့ရဲ့ဖိနပ်ကို ဖွက်ခြင်းခံရပြီး ဒူးထောက်တောင်းခိုင်းခြင်းလည်းကြုံတွေ့ရပါသေးတယ်။ သူဟာကုန်းမြင့်ပေါ်မှ တွန်းလှဲခြင်းခဲရ ပြီး အပေါ်မှ စက်ဘီးဖြင်း ဖြတ်နင်းခြင်းလည်း ခံခဲ့ရပါသေးတယ်။ တခြားရွယ်တူကောင်လေးတွေဟာ သူမရဲ့မိ ခင်ကို အကူအညီတောင်းပြီးတဲ့အခါမှာတော့ သူ့သားမှာ တစ်ယောက်တည်းငိုနေတာကို တွေ့ခဲ့ရပါတယ်။

 

 

က လေးရဲ့မိခင်ကတော့ သူ့သားမှာ တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေချည်းပဲ၊ ဒူးခေါင်းမှာလဲ ပွန်းပဲ့ရာတွေနဲ့ ဟု သတင်းဌာနကိုတိုင်တန်းခဲ့ပါတယ်။ သူ့ရဲ့အပေါ်မှ စက်ဘီးဖြတ်နင်းခံရချိန်မှာ ဖြစ်ပေါ်လာသော ဒူးခေါင်းမှ ဒဏ် ရာတွေကိုလည်း ပြခိုင်းပါတယ်။ သူမကတော့ သူ့သားဟာ ဘ၀မှာအကြီးမားဆုံး ဒဏ်ရာရသွားပြီ၊ အခုဆိုရင် ကစားကွင်းကို ပြန်သွားဖို့ကိုတောင် တော်တော်ကြောက်လန့်နေပြီ၊အသက်ခြောက်နှစ်ပဲရှိသေးတယ်၊ ရွယ်တူ ကောင်လေးတွေနဲ့တောင် မကစားနိုင်တော့ဘူး၊

 သူဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ် အ ရွယ်ကောင်လေးတွေရဲ့ ပျော်စရာတစ်ခုလိုဖြစ်နေလို့ပါပဲလို့ သတင်းဌာနကို တိုင်တန်းခဲ့ပါတယ်။ သူမကိုယ်တိုင် ကတော့ သူမသားဟာ အပြစ်ကင်းစင်သူတစ်ယောက်ပါ။ အခြားသူတွေအပေါ် အနိုင်မကျင့်အောင်လည်းဆိုဆုံး မခဲ့ပါတယ်။ ဒါတွေကြောင့် သူဟာ အလွယ်ကူဆုံးပစ်မှတ်ဖြစ်ခဲ့ရတာပါ။ ကာအိုလန်ကိုယ်တိုင်ကတော့ အမေ၊ လောကကြီးမှာ အနိုင်ကျင့်တဲ့သူတွေကို မရှိစေချင်ဘူး၊ ကောင်းတဲ့သူတွေပဲ ရှိစေချင်တယ်၊ သူတို့တွေကို သိပ် ကြောက်တယ်လို့ သတင်းဌာနကိုပြောခဲ့ပါတယ်။

သူမကတော့ ကလေးတွေကို ကစားကွင်းထဲမှာ တစ်ယောက် တည်းလွတ်မထားဖို့၊ စောင့်ကြည့်ဖို့ပြောသွားခဲ့ပါတယ်။

ref : mirror


08 Aug 2017     1,391 Views




RELATED

Most Popular of Special or Others

Most Popular of NEWS