BEC-TERO TV

၅ လသားကလေးကို ပြန်ပေးဆွဲကာ အမှိုက်အိတ်ထဲထည့်ပြီး စီန့်ပစ်ခဲ့သူ

08 Aug 2017     1,559 Views


အသက် (၅)လအရွယ် ကလေးတစ်ဦးကို ပြန်ပေးဆွဲခဲ့ပြီးနောက် အပြစ်မှလွတ်ရန် အမှိုက်အိတ်ထဲထည့်ကာ စွန့်ပစ်ခဲ့သည့်အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အသက် ၃၄ နှစ်အရွယ် ကမ္ဘောဒီယားအမျိုးသမီးတစ်ဦး Yin Sotheara ဆိုသူက သူမ၏ မိတ်ဆွေအိမ်တွင် ဖဲလာကစားခဲ့ပြီးနောက် ကလေးကို ခိုယူရန် အခွင့်အရေးစောင့်နေခဲ့သည်။ အခွင့်ရေးရသည်နှင့် ၅ လာသားနို့စို့ကလေး အသံထွက်မည်စိုးသဖြင့် ပါးစပ်ကို တိပ်နှင့်ရစ်ပတ်ကာ အရင်စည်းနှောင်ခဲ့သည်။

ထိုနောက် အမှိုက်ပစ်သည့် ပလပ်စတစ်အိတ်ထဲ ထည့်ခဲ့သည်။ အဲသည်နောက် ပါးလပ်စတစ်အိပ်ကို ကြိုးနှင့်ချည်ကာ ပြတင်းပေါက်မှတစ်ဆင့် အိမ်အပြင် အောက်ဘက်သို့ လျောချခဲ့သည်။ ထိုနောက် ကလေးထည့်ထားသော အထုတ်ကို ယူကာ မော်တောဆိုင်ကယ်နှင့် မောင်းပြေးသွားခဲ့သည်။

ယင်းကဲ့သို့ ကလေးကို ပြန်ပေးဆွဲခေါ်ဆောင်လာပြီး မကြာမီပင် ကလေး၏မိဘများက သူမထံ ဖုန်းဆက်ကာ ကလေးပျောက်နေကြောင်း စိုးရိမ်တစ်ကြီး ပြောကြားခဲ့သည်။ ဖုန်းနားထောင်ခဲ့ပြီးနောက် သူမ၏ လုပ်ရပ်ဟာမှားနေမှန်း နောင်တရလာကာ နံနက်စောစော ၄ နာရီအချိန်ခန့်တွင် ကလေးကို သူ့မိဘများ၏ အိမ်ရှေ့သို့ အထုတ်လိုက် သွားပြန်ချထားခဲ့သည်။

အမှိုက်အိတိထဲမှ ကလေးအော်ငိုသံကြောင့် အိမ်နီးချင်းများနိုးလာချိန်တွင် သူမက ကလေးကို တွေ့ရှိကယ်တင်သယောင် ဆောင်ခဲ့သည်။ သူမဟာ အကြွေးနစ်နေတဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး သူမ၏ ကနဦးရည်ရွယ်ချက်မှာ ကလေးမိဘများထံမှ ပြန်ပေးငွေတောင်းယူရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ Yin က ကလေးကို ကယ်တင်ခဲ့သူအဖြစ် သူမကိုယ် သူမ ကာကွယ်ပြောဆိုခဲ့သော်လည်း ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သူမ၏ ရှေ့နေကမူ အခြားတရားရုံးတော်တွင် အမူကိုပြန်လည်တင်ပြ အသနားခံ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


08 Aug 2017     1,559 Views




RELATED

Most Popular of Special or Others

Most Popular of NEWS