BEC-TERO TV

လူမြင်ကွင်းရိုင်းပြခဲ့သည့် စပယ်ရာအမျိုးသမီး၊ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်တို့ ရာသက်ပန်ထုတ်ပယ်

09 Aug 2017     1,527 Views


သြဂုတ်လ ၈ ရက်နေ့ည ချော်တွင်းကုန်းမီးပွိုင့်တွင် YBS အမှတ် ၆ ယာဉ်လိုင်းမှ တစ်ဖင်ယာဉ်ကြောကိုဝင်ရန် လမ်းတောင်းခဲ့ရာမှ လမ်းမပေးခဲ့သဖြင့် အမှတ် ၆ ယာဉ်လိုင်း၏ ယာဉ်နောက်လိုက် အမျိုးသမီးစပယ်ရာက လမ်းမပေးသည့် မော်တော်ယာဉ်ကို လူမြင်ကွင်းတွင် ရိုင်းပြစွာဖြင့် မဖွယ်မရာထမီ လှန်ပြခဲ့မှု တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ဓါတ်ပုံများ လူမှုကွန်ယက်တွင် ပြန့်နှံ့ခဲ့သည်။


အဆိုပါဖြစ်စဉ်ကြောင့် စည်းကမ်းချိုးဖောက် ရိုင်းပြခဲ့သည့် ယာဉ်အကူအမျိုးသမီးနဲ့ ယာဉ်မောင်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) မှ စစဆေးရန်နိုင်ရန် ဆင့်ခေါ်ခဲ့ရာ မလာရောက်ခဲ့သည့်အတွက် ယာဉ်နောက်လိုက်အမျိုးသမီး၊ ယာဉ်အကူနှင့် ယာဉ်ပိုင်ရှင်တို့ကို ရာသက်ပန် ယာဉ်လိုင်းမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ တရားဝင်စာထုတ်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။


 


09 Aug 2017     1,527 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS