နိုင်ငံခြား က အလှကုန်ပစ္စည်းတွေက ဒီဇိုင်းမျိုးစုံနဲ့ မြန်မာနိုင်ငံဈေးကွက်ကို ပိုမိုဝင်ရောက်လာ
09 Aug 2017 1,413 Views

အခုနောက်ပိုင်း နိုင်ငံခြား က အလှကုန်ပစ္စည်းတွေက ဒီဇိုင်းမျိုးစုံနဲ့ မြန်မာနိုင်ငံဈေးကွက်ကို ပိုမိုဝင်ရောက်လာပါတယ်။ အခုနောက်ပိုင်း မိန်းကလေးတွေ ကြား ရေပန်းစားပြီး လူကြိုက်များနေတဲ့ ကူ ရှင်ဆိုရင် အရောင်တစ်မျိုးတည်း ထုတ်တာမဟုတ်ဘဲ အသားအရေပေါ် မူတည် ပြီး အရောင် အမျိုးအစားတွေနဲ့ ထုတ်ပါ တယ်။ သုဝဏ္ဏမှာ ပြည့်ဝအလှကုန်ဆိုင်ကို ဖွင့်လှစ်ထားသူ မဇူးဇူးက
“အခုနောက်ပိုင်း အမေရိကန်ကထွက်တဲ့ ဘရန်းတွေဆိုရင် ထုပ်ပိုးတဲ့ ပုံစံတွေကအစ တအားမိုက်တယ်၊ ပြည်တွင်းဘရန်းတွေနဲ့ဆို ယှဉ်လိုက်ရင် လုံးဝကွာတယ်၊ ကူရှင်တွေဆိုရင်လဲ မြန်မာနိုင်ငံမှာ ထုတ်တာဆိုရင် အသားရောင်ကို လိုက်ပြီး ထုတ်တယ်၊ နိုင်ငံ ခြားကထုတ်တဲ့ဘရန်းတွေမှာဆိုရင် အသားအရေကိုလိုက်ပြီး ထုတ်တာမှန်တယ် ဆိုပေမဲ့ ကူရှင်အသားအရောင်တွေကအစ သေချာထုတ်ထား တာ၊ ကွာလတီရော ဈေးနှုန်းကရော တော်တော်တော့ ကွာတယ်၊ ဒီဇိုင်းပိုင်းဆိုရင်တော့ ပြောစရာကို မရှိတော့ဘူး”လို့ ပြောပါတယ်။
နိုင်ငံခြားဘရန်းတွေရဲ့ထုပ်ပိုးတဲ့ ဒီဇိုင်းတွေက သပ်ရပ်တာတွေ၊ မြင်လိုက်တာနဲ့ လိုချင်အောင် ဆွဲဆောင်နိုင်တာတွေ ကြောင့် ဈေးကွက်မှာ နေရာတစ်ခုရလာပါ တယ်။ ဈေးနှုန်းတွေက သုံးစွဲနိုင်တဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ အလှကုန်ပစ္စည်းတွေကို ထုပ်ပိုးတဲ့အခါမှာလည်း နှုတ်ခမ်းနီလိုပုံစံမျိုး အိုင်းလိုင်နာတွေ၊ နှုတ်ခမ်းနီလိုပုံစံမျိုးပါးနီတွေ ထုတ်လုပ်ထားတာ ကြောင့် ဝယ်ယူသူတွေရဲ့အမြင်ကို ဆွဲဆောင်နိုင်မှာဖြစ်တယ်။ မြန်မာနိုင်ငံကိုဝင်လာတဲ့ ဘရန်းတွေက အမေရိကန်ထုတ်နဲ့ ကိုရီးယားနိုင်ငံက ထုတ်တဲ့ဘရန်းတွေ အများဆုံးဖြစ်ပါတယ်။
အလှကုန်တွေကို နှစ်သက်သူတွေက ပစ္စည်းတွေကို ဝယ်ယူကြတဲ့အခါမှာ ကွာလတီပိုင်းတွေ၊ ဈေးနှုန်းပိုင်းတွေထက် ထုပ်ပိုးမှုတွေကို အများဆုံးကြည့်ပြီး ဝယ် ယူ ကြတာတွေလည်း ရှိပါတယ်။ ဆိုင်တွေကတော့ လူသုံးများတဲ့ပစ္စည်းတွေ၊ ဈေးနှုန်းသက်သာတဲ့ ပစ္စည်းတွေကို ရောင်းကြတာများပေမဲ့ အွန်လိုင်းမှာကတော့ ဒီဇိုင်းတွေကို အဓိကထားတဲ့ ဘရန်းတွေကို ရောင်းချတာများ ပြားပါတယ်။
Credit : kumudranews
(လိမ္မာ)