သရုပ်ဆောင်ပိုင်းကို ပိုအားစိုက်မယ့် အေးချမ်းမိုး
09 Aug 2017 1,650 Views

ဆရာဝန်အပြင် သရုပ်ဆောင်တစ်ယောက်လဲ ဖြစ်တဲ့ အေးချမ်းမိုးဟာ အနုပညာလှုပ်ရှားမှု အနေနဲ့ အစီအစဉ်တင်ဆက်သူအနေနဲ့လဲ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ “အစီအစဉ်တင်ဆက်သူဖြစ်လာတာက တီချယ်တင်မိုးလွင် ဆီမှာ သင်တန်းတွေတက်ဖြစ်ရင်း Model show တွေ လျှောက်တယ် Miss တွေဝင်ပြိုင်ရင်း တီချယ်က အစီအစဉ်တင်ဆက်သူတွေက ရှားလဲ ရှားတယ် တီချယ်ကိုယ်တိုင်ကလည်း တပည့် အနေနဲ့ မွေးထုတ်ပေးချင်တယ် တီချယ်ရဲ့ လမ်းညွှန်မှုနဲ့ ကြိုးစားခဲ့ တယ် ။ နောက်ပိုင်းကြတော့ ဒီအလုပ်က ကိုယ်သဘောကျတဲ့ အလုပ်တခု ဖြစ်လာတယ် ။ ဒါ့ကြောင့် နောက်ပိုင်းကြရင် အစီအစဉ်တင်ဆက်သူ အလုပ်ကို လုပ်ဖြစ်မှာ ဖြစ်သလို သရုပ်ဆောင်ပိုင်းကိုလဲ သွားဖြစ်မှာပါ” လို့ပြောထားပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး အနုပညာ စွမ်းရည်အပြည့်ဝသေးတဲ့ အတွက် အများကြီးကြိုးစားရအုံးမှာပါ ။ ဆေးရုံဆင်းနေရတဲ့ အချိန်တွေတော့ မလုပ်ဖြစ်ပါဘူး ။ နောက်ပိုင်း လာကမ်းလှမ်းလာရင်တော့ ကြိုးစားကြည့်ချင်တယ် နောက်ပိုင်းပိုအားစိုက်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:popular





