BEC-TERO TV

အသက် ၇၀ လို့မထင်ရအောင် နုပျိုအရွယ်တင်သူရဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်

10 Aug 2017     1,389 Views


သြစတြေးလျနိုင်ငံသူ ကယ်ရိုလင်ဟတ်စ် ဆိုသူအမျိုးသမီးကို မြင်သူတိုင်းက သူမဟာ အသက် ၇၀ အရွယ်ရှိပါပြီလို့ ပြောတဲ့အခါ အံ့သြသွားရတာချည်းပါပဲ။ သူမရဲ့ နုပျိုလန်းဆန်းမှုဟာ သူမရဲ့ အသက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ပဲဖြစ်ပါတယ်။


ကလေး သုံးယောက်မိခင် မြေးလေးယောက်တို့ရဲ့ ဘွားဘွားဖြစ်သူက အခုချိန်ထိ ရေကူးဝတ်စုံ ဘီကနီဝတ်ရင်တောင် နုပျိုလှပနေဆဲဖြစ်ပါတယ်။ ဒီအသက်အရွယ်ထိ နုပျိုနေအောင် သူမလုံးဝ ရှောင်ထားခဲ့တဲ့ အစားအစာက တစ်မျိုးထဲ ဖြစ်ပါတယ်။


သူမ လုံးဝရှောင်ကျဉ်ထားတာကတော့ သကြားဖြစ်ပါတယ်၊ သကြားပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ထားပေမယ့် အစားအသောက်မဆင်းရဲရလေအောင် သကြားအစားထိုးအမှုန့်များနဲ့ ကိုယ်တိုင်ချက်ပြုတ် စားသောက်နေထိုင်ခဲ့သူပါ။

လူအချို့ကတော့ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုနေခြင်းက ခွဲစိပ်ပြုပြင်ထားလို့၊ ဒါမှမဟုတ် ဆေးထိုးပြုပြင်ထားလို့ လို့ ပြောဆိုဝေဖန်တာတွေတောင်ရှိခဲ့ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂၈ နှစ်လောက်ထဲက သကြားကို လုံးဝရှောင်ကျဉ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူမကြိုက်တဲ့ ကိတ်မုန့်လေးတွေကိုတော့ စားနေဆဲဖြစ်ပါတယ်။ သကြားအစားထိုး ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ Xylitol ဆိုတဲ့ အမှုန့်လေးတွေကို စားသုံးပါတယ်။


ဟတ်စ် က သကြားမပါတဲ့ ကိတ်မုန့်ဖုတ်နည်း​စာအုပ်ကို ရေးသားသူလည်းဖြစ်ပါတယ်။ သူမရဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ သကြားမပါပဲ ချက်နည်းပြုတ်နည်းလေးတွေဟာ လူတွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်ထားသူလည်းဖြစ်ပါတယ်။

ဒီတော့ သူမလိုလှပအရွယ်တင်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သကြားပါတဲ့ အစားအသောက်တွေကို လျော့စားဖို့ပဲ ဖြစ်ပါတယ်။
 

10 Aug 2017     1,389 Views




RELATED

Most Popular of Health Fix

Most Popular of Life Style