BEC-TERO TV

လူမှုကွန်ယက်ပေါ်က ရင်သားဖြင့် အသဲပုံစိန်ခေါ်မှုများ ရေပန်းစားနေ

10 Aug 2017     2,135 Views


လူမှုကွန်ယက်ပေါ်တွင် လူအများစိတ်ဝင်စားခြင်းခံရအောင် စကားနဲ့တစ်မျိုး၊ ဗီဒီယိုနဲ့တစ်မျိုး၊ ဓါတ်ပုံနှင့်တစ်မျိုး အပြိုင်အဆိုင်ကြိုးစားနေမှုများထဲတွင် လတ်တလော ခေတ်အစားဆုံးဖြစ်နေတာကတော့ ဆယ်ကျော်သက် မိန်းကလေးမျာက ရင်သားနဲ့ အသည်းပုံသဏ္ဍန် ဖော်ကာ အလှပြိုင်နေကြခြင်းဖြစ်ပါတယ်။


“Heart-shaped Boob Challenge” လို့ ခေါင်းစဉ်တပ်ထားတဲ့ အွန်လိုင်းပြိုင်ပွဲတစ်ခု တစ်ရုပ်လူမှုကွန်ယက် Weibo မှာ ခေတ်စားလာပြီး အမျိုးသမီးလေးများကိုလည်း ပြိုင်ဆိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ပါဝင်ချင်တဲ့ အမျိုးသမီးလေးတွေက အဝတ်အစားမဝတ်ထားတဲ့ သူတို့ရဲ့ ရင်သားလေးကို အသည်းပုံသဏ္ဍန်ဖြစ်အောင် လက်နဲ့ပြုလုပ်ပြီး ဓါတ်ပုံတင်ရတာဖြစ်ပါတယ်။

 


ဒီပြိုင်ပွဲပုံတွေကို ကြည့်ရှုသူ ၁.၆ သန်းကျော်ရှိခဲ့ပြီး Weibo က သိရှိသွားပြီးတဲ့နောက်မှာ ပုံတွေကို အွန်လိုင်းပေါ်က ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီပုံတွေဟာ အခြားဝဘ်ဆိုက်တွေမှာတော့ ကူးယူဖော်ပြမှုတွေ ရှိနေပါသေးတယ်။


ဒီပုံတွေရဲ့အစဟာ Ayi Xi Tai Lu ဆိုတဲ့ Wibo သုံးစွဲသူက သူမရဲ့ပရိသတ်တွေအတွက် ပြီးခဲ့တဲ့လက တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုတစ်ခုမှ လုပ်ပြခဲ့ရာမှ ပျံ့နှံ့ခဲ့တယ်လို့ Weibo က ဆိုပါတယ်။
 


10 Aug 2017     2,135 Views




RELATED

Most Popular of Special or Others

Most Popular of NEWS