ရန်ကင်းကလေးဆေးရုံတွင် ညီမဖြစ်သူကို ဆုံးရှုံးလိုက်ရသူ၏ ကြေကွဲရင်ဖွင့်သံ
11 Aug 2017 1,551 Views

သြဂုတ်လ ၅ ရက်နေ့ ရန်ကင်းကလေးဆေးရုံမှ တာဝန်ကျ ဆရာဝန်များရဲ့ ပေါ့ဆမှုကြောင့် မဆုံး
ရှုံးသင့်ပဲ အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒီလောက် သွေးအန်နေတဲ့ကလေးကို ကုတင်ပေါ်မှာ ၂ နာရီကျော် ပစ်ထားပြီးတော့ ဒီမှာကလေးကသွေးအန်နေတယ်လို့သွားပြောတော့ ဆရာဝန်မက ပြန်ပြောပါတယ် “နားမလည်ဘူးလား ဒီမှာထမင်းစားနေတယ်” လို့ ပြောပါတယ်။
နောက်တစ်ခါ သွေးထပ်အန်တော့မှ ထလာပါတယ်၊ အရေးပေါ်ပို့မယ်ဆိုပြီး အပေါ်ထက်ကို ပို့လိုက်ပါတယ်။ ဒါပေမဲ့ နောက်ကျသွားပါပြီ ၂ နာရီ အတွင်းမှာ သူတို့သာဂရုစိုက်ပြီး ကုသပေးလိုက်မယ်ဆို ကျွန်တော့ရဲ့ ညီမလေးကို ဒီလိုဆုံးရှုံးချင်မှ ဆုံးရှုံးရမှာပါ။
သူတို့ရဲ့ပေါ့ဆမှုကြောင့် သွေးလွန်တုတ်ကွေးဆိုတာကို မပြောပဲ အဆုတ်သွေးကြောပေါက်တာတဲ့၊ ကျန်းမာရေးဌာနကို ပို့တော့တုတ်ကွေးဆိုပြီးပို့ထားပါတယ်။ ဒီလိုမျိုးဆရာဝန်တွေ ဆေးရုံမှာရှိနေရင် အသက်တွေမဆုံးရှုံးသင့် ပဲဆုံးရှုံးရပါလိမ့်မယ်။
အဲ့အတွက်ကြောင့် ကလေးရှိသောမိခင်များ ရန်ကင်းကလေးဆေးရုံကို သွားမပြမိပါစေနဲ့လို့ အားလုံးကိုသတိပေးချင်ပါတယ်။ ကျွန်တော်ညီမလေးဆုံးရှုံးသလို အဲ့ဆရာဝန်ရဲ့ သားသမီးများလဲ မဆုံးရှုံးပါစေနဲ့လို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်။
ကိုရဲ
သတင်းရင်းမြစ်−ဆူ သစဘ(ဖေ့စ်ဘွခ်)