BEC-TERO TV

ဘောလိဝုဒ်မင်းသား အမီခန်းနှင့် ဇနီးဖြစ်သူတို့ H1N1 ကူးစက်ခံရ

11 Aug 2017     1,365 Views


အိန္ဒိယရုပ်ရှင် ဘောလိဝုဒ်၏ နာမည်ကြီးမင်းသား အမီခန်းနှင့် ဇနီးဖြစ်သူ ကီရန်ရှောတို့ H1N1 ကူးစက်ခံနေရသဖြင့် မွန်ဘိုင်းမြို့ရှိ နေအိမ်၌ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

အသက်(၅၂)နှစ်ရှိပြီဖြစ်သော အမီခန်းသည် သူကိုယ်တိုင်တည်ထောင်ထားသော ပရဟိတအဖွဲ့စည်းတစ်ခု၏ အခမ်းအနားကို တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း H1N1 ကူးစက်ခံထားရသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိကြောင်း ဗီဒီယိုနှင့် အသိပေးအကြောင်းကြားခဲ့သည်။


အင်မတန်ပျော်စရာကောင်းတဲ့ အချိန်လေးပါ။ ဒီစီမံကိန်းအောင်မြင်ဖို့ တစ်နှစ်လုံးအပြင်းအထန်ကြိုးစားပြီးတဲ့နောက် ခင်ဗျားတို့နဲ့အတူတူ အောင်ပွဲခံရမယ့် အချိန်လေးမှာ ကျွန်တော်နဲ့ ကီရန်ရှောတို့က H1N1 ကူးစက်ခံထားရတာကြောင့် တစ်ပတ်လောက် အိမ်ထဲမှာ အနားယူရပါဦးမယ်။ အားလုံးနဲ့အတူတူ မရှိနိုင်တဲ့အတွက် ဝမ်းနည်းပါတယ်” ဟု ဗီဒီယိုနှင့်ပြောကြားပေးပို့ခဲ့သည်။

အခြားဘောလိဝုဒ် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သူ ရီချာချာဒါလည်း H1N1 ကူးစက်ခံနေရသဖြင့် အနုပညာအလုပ်များရပ်ဆိုင်းထားပြီး ဆေးကုသမှုခံနေရကာ အနည်းငယ်ပြန်လည် သက်သာနေပြီဖြစ်ကြောင်း သိရှိရသည်။
 


11 Aug 2017     1,365 Views




RELATED

Most Popular of International News

Most Popular of NEWS