BEC-TERO TV

မြန်မာ့ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲအတွက် မဲခွဲရွေးချယ်မှု ပြုလုပ်

11 Aug 2017     1,423 Views


ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့Forever Group ကုမ္ပဏီလီမိတက်မှ စီစဉ် ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ(အောက်မြန်မာပြည်)အတွက် မဲခွဲရွေးချယ်ပွဲ အခမ်းအနားကို သြဂုတ်လ(၈)ရက်က မင်းဓမ်္မလမ်းရှိ Myanmar Event Part မှာပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲ(အောက်မြန်မာပြည်)ပြိုင်ပွဲကိုတော့ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ သြဂုတ်လ(၂၇)ရက်မှ(၃၀)ရက်အထိ တရက်ကို(၅)ဖွဲ့နှုန်း၊ တတိယမြောက် ရက်မှာတော့ (၆)ဖွဲ့ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

အထက်မြန်မာပြည်ပြိုင်ပွဲကိုတော့ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ သြဂုတ်လ(၂၇)ရက်မှ(၂၉)အထိ တစ်ရက်ကို(၄)ဖွဲ့နှုန်းနဲ့ ဒုတိယရက်မှာတော့(၅)ဖွဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးနေ့မှာယှဉ်ပြိုင်မယ့် မွန်ပြည်နယ်က ရွှေဟသာင်္အငြိမ့်အဖွဲ့ ကလည်း သူတို့ယှဉ်ပြိုင်မယ့်အကြောင်းအရာအချို့ကို အခုလိုပြောပြခဲ့ပါတယ်။

ပြိုင်ပွဲရဲ့တတိမြောက်နေ့မှာ ယှဉ်ပြိုင်ကပြဖျော်ဖြေမယ့် ဒီမိုအငြိမ့်အဖွဲ့က မင်းသမီး တစ်ဦးကလည်း လက်ရှိမှာအကတိုက်ဖို့သီချင်းရရှိလာရင် အကောင်းဆုံးဖြစ်အောင် ကပြဖျော်ဖြေ ပေးသွားမယ်လို့ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့MRTV-4 ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။


11 Aug 2017     1,423 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS