တရုတ်က တောင် – မြောက် စီးပွားရေးစင်္ကြ တည်ဆောက်နေချိန် အိန္ဒိယက ထိုင်းနဲ့ အဝေးပြေးလမ်း ဖောက်
11 Aug 2017 1,644 Views

အိန္ဒိယဝန်ကြီးချုပ် နာ ရန်ဒြာမိုဒီအစိုးရက ပြီးခဲ့တဲ့လက ဝေးလံတဲ့ဒေသက လမ်းတစ်ခုကို အဆင့်မြှင့်ဖို့ ဒေါ်လာ ၂၅၆ သန်း အတည်ပြုပေးချိန်မှာ သတိပြုမိ သူ အနည်းငယ်သာရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ၈၄၅ မိုင်ရှည် လျားမယ့် သုံးနိုင်ငံရောက် အဝေးပြေးလမ်းမကြီးကို အိန္ဒိယအရှေ့ မြောက်ပိုင်း ဈေးကွက်တွေကနေ ထိုင်းနိုင်ငံအထိ ဖောက်လုပ်မယ့် အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး န ယူးဒေလီနဲ့ ဘေဂျင်းကြား ဒေ သတွင်း စီးပွားရေးနဲ့ မဟာဗျူဟာအရ ဩဇာသက်ရောက်မှုရှိဖို့ ပြိုင်ဆိုင်တဲ့အဆင့် နောက်တစ်ဆင့်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အိန္ဒိယဟာ နယ်စပ်လမ်းတွေ တည် ဆောက်ရေးအတွက် ဒေါ်လာ ၄့၇ ဘီလျံကျော် သတ်မှတ်ခဲ့ကြောင်း အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။ အဲသည်အထဲမှာ မဏိပူရမှာ ရှိတဲ့ မိုရေးကနေ မြန်မာနိုင်ငံ တမူးကို ဖြတ်ပြီး ထိုင်းမှာရှိတဲ့ မဲဆောက်ကို ရောက်ရှိမယ့် အဝေး ပြေးလမ်းလည်း ပါဝင်ပါတယ်။
“တရုတ်က စီးပွားရေးတိုး တက်လာပြီး သူ့ရဲ့ ဩဇာအာဏာက သူ့နယ်နိမိတ်တွေကို ကျော်လွန်လာတာနဲ့အတူ ဒေသတွင်းကိုလဲ စိတ်ဝင်စားမှုတိုးလာတယ်”လို့ အော်ဆာဗာရီဆက်ခ်ျ ဖောင်ဒေးရှင်းရဲ့ စီနီယာအကြံပေး ကေ ယိုမီက ပြောပါတယ်။
အဲဒါကြောင့် တရုတ်က ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခု စီမံချက်အောက်မှာ တောင် – မြောက် စီးပွားရေးစင်္ကြံတည်ဆောက်နေချိန် အိန္ဒိယက လည်း အရှေ့ပိုင်းအိမ်နီးချင်းတွေနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။ အိန္ဒိယဟာ အရှေ့ – မြောက် နယ်စပ်တွေကို ကားလမ်းနဲ့ ရထား လမ်းချိတ် ဆက်ဖို့ ရင်းနှီးမြှုပ်နှံ ထား ပြီး နီပေါ၊ ဘူတန်၊ ဘင်္ဂလား ဒေ့ရှ်၊ တရုတ်နဲ့ မြန်မာတို့ကို ချိတ် ဆက်ဖို့ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန္ဒိယ – မြန်မာ – ထိုင်း အဝေး ပြေး လမ်းစီမံချက်ဟာ အသစ်မဟုတ်ပါဘူး။ ၂၀ဝ၁ ခုနှစ် ကတည်းက အိန္ဒိယ – မြန်မာ ချစ် ကြည်ရေးလမ်းလို့ အမည်တွင်ပြီး ဖောက်လုပ်ဖို့ စီမံခဲ့ကြောင်း အိန္ဒိယလမ်းဝန်ကြီးဟောင်း ဗီဂျေးချီဘာက ပြောပါတယ်။ နယူးဒေလီက အခုတော့ မြန် မာ – ထိုင်းလမ်းကို ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်အထိ ထပ်မံ တိုးချဲ့ဖို့ အဆိုပြုထားပြီး မဲခေါင်မြစ်ကနေ အိန္ဒိယကို ရေလမ်းနဲ့ သွားတဲ့ခရီးကို ချုံ့ပြီး အာဆီယံနဲ့ ပိုမိုနီးကပ်စေဖို့ ရည်ရွယ်ကြောင်း ချီဘာက ပြောပါတယ်။
လမ်းချိတ်ဆက်မှုကို အရှေ့ အာရှဒေသတွင်း စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုအစီအစဉ် (SASEC) အောက်မှာ အာရှဖွံ့ဖြိုးရေးဘဏ်က ငွေကြေးထောက်ပံ့မှာ ဖြစ်ပါတယ်။ အိန္ဒိယ၊ ဘူတန်၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါနဲ့ သီရိ လင်္ကာပါဝင်တဲ့ အဆိုပါ အစီအစဉ်ဟာ ၂၀၁၁ နောက်ပိုင်း အခြေခံအဆောက်အအုံအတွက် ဒေါ်လာခြောက်ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပြီး အရင်ဆယ်နှစ်ကထက် နှစ်ဆ ကျော်များလာကြောင်း မနီလာ အ ခြေစိုက် အေဒီဘီဘဏ်ရဲ့ ဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုပ်ငန်းပူးပေါင်းရေးဌာနခွဲဒါရိုက်တာ အန်တိုနီယို ကျူဘူတီယွန်က ပြောပါတယ်။ ပရောဂျက်သစ်ထဲမှာ အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ်ကို ကာလကတ္တားနဲ့ မြန်မာနိုင်ငံ စစ်တွေမြို့ ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်မယ့် ကုလားတန်ဆက်သွယ်ရေးပရောဂျက် ပါဝင်ပါတယ်။
Credit : kumudranews
(စုပြည့်စုံ)