မွေးကင်းစကလေးကို ပါဆယ်ထုတ်ပြီး အမြန်ချောပို့နဲ့ မိဘမဲ့ကျောင်းပို့တဲ့ မိခင်
14 Aug 2017 1,491 Views
တရုပ်နိုင်ငံ ဖူကျိုးမြို့က မိခင်တစ်ယောက်ဟာ သူမရဲ့ မွေးကင်းစကလေးငယ်ကို ပလတ်စတစ်အိပ်ထဲထည့်ကာ မြို့တွင်းအမြန်ချောပို့ စနစ်နဲ့ မိဘမဲ့ဂေဟာကို ပို့ခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပျက်ခဲ့ပြီး အမြန်ချောပို့သမားက ပါဆယ်ထုတ်ကို လိပ်စာပါသည့်အတိုင်း မိဘမဲ့ဂေဟာသို့ သွားပို့စဉ်လမ်း၌ အထုတ်မှာ လှုပ်လာပြီးနောက် အထုတ်တွင်းမှ ငိုသံကြားခဲ့ရသည်။ ထိုနောက်အထုတ်ကို ဖွင့်ဖောက်စစ်ဆေးကြည့်ရာ နို့စို့အရွယ်ကလေးငယ်ကို ပလပ်စတစ်အနက်ရောက်ဖြင့် ထုတ်ပိုးပြီးထည့်ထားကြောင်း တွေ့ရှိခဲ့ရသည်။
သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကားခဲ့ပြီးနောက် ကလေးကို ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။ များမကြာမီ အသက် ၂၄ နှစ်အရွယ် Luo ဆိုသည့် အမျိုးသမီးအား ကလေးငယ်ကို စွန့်ပစ်ခဲ့မှုဖြင့် ဖမ်းဆီးခဲ့သည်။
အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အကြာင်နာတရားကင်းမဲ့သော အမျိုးသမီးအဖြစ် ဝိုင်းဝန်းပြစ်တင် ရှုံ့ချမှုများ ပြင်းထန်ခဲ့သည်။







