ဘရာစီယာဆိုဒ်ကြီး ဝတ်လေ အထူးလျှော့ဈေးရလေ ဆိုတဲ့စားသောက်ဆိုင်
14 Aug 2017 1,430 Views

အမျိုးသမီးများဝတ်ထားတဲ့ ဘရာစီယာဆိုဒ်အပေါ်မူတည်ပြီး အစားအသောက် ဈေးနှုန်းများကို ရာခိုင်နှုန်းအလိုက် လျော့ချပေးနေတဲ့ စာသောက်ဆိုင် ဖြစ်ပါတယ်။ A-cup ဆိုဒ် ဝတ်သူတွေက ၅% နှုန်းရရှိမှာဖြစ်ပြီး ဆိုဒ်ကြီးလေ လျော့ဈေးရလေဖြစ်ပါတယ်။ အကြီးဆုံးဖြစ်တဲ့ G-cup ဆိုရင်တော့ ၆၅% ထိ လျှော့ပေးမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
တရုပ်နိုင်ငံ ဟန်ကျိုးမြို့က ဈေးဝယ်စင်တာတစ်ခုမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ ဇူလိုင်လ ၃၁ ရက်နေ့က ကပ်ထားတာဖြစ်ပါတယ်။ ဒီကြောငြာကို တွေ့ပြီးတဲ့နောက်မှာတော့ အတော်အောက်တန်းကျတဲ့ အရောင်းမြှင့်တင်နည်းပဲဟု ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ကြော်ညာစာရွက်ရဲ့ ထိပ်ဆုံးမှာ “တစ်မြို့လုံးက ရင်သားတွေကို လိုက်ရှာနေပါတယ်” ဆိုတဲ့ စာသားကို ရေးသားထားပြီး အမျိုးသမီးများ၏ ရင်သားဆိုဒ်တွေကို ပန်းချီရေးဆွဲထားကာ ဘရာစီယာဆိုဒ်အလိုက် လျှော့ဈေးတွေကိုလည်း ယှဉ်တွဲဖော်ပြထားပါတယ်။
A-Cup ဝတ်သူက ၅% ဖြစ်ပြီး အဆင့်ဆင့်ဖော်ပြထားကာ နောက်ဆုံး G-cup က ၆၅% ရမှာဖြစ်ပါတယ်။ (တရုပ်လိုဖော်ပြမှုအရ နံပါတ်သေးလေ ပမာဏကြီးလေဖြစ်ပါတယ်)
ရက်အနည်းငယ်အတွင်းမှာပဲ အမြင်မသင့်တော်တဲ့ ပိုစတာဖြစ်လို့ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ စာသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်သူ လန်ရှန်းဂန်ရဲ့ အဆိုရအရ ကြော်ငြာပြီ:နောက်ပိုင်းမှာ ရောင်းအား ၂၀% လောက်တက်လာတယ်လို့ဆိုပါတယ်။ ထို့အပြင် အချို့မိန်းကလေးတွေက အရှိကိုအရှိအတိုင်း ပွင်းပွင့်လင်းလင်းပဲ ပြောသွားပြီး အထူးဈေးနှုန်းတွေနဲ့ အားပေးသွားကြတယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။