ပျောက်ဆုံးနေသော ဒိန်းမတ်ရေငုပ်သင်္ဘောကို ပြန်လည်တွေ့ရှိ
15 Aug 2017 1,413 Views
ဒိန်းမတ်နိုင်ငံသားတစ်ဦးပိုင်တဲ့ ရေငုပ်သင်္ဘောနော်တီးလပ်စ်နဲ့သင်္ဘောဝန်ထမ်းတွေကို နာရီနဲ့ချီရှာဖွေပြီးနောက် ကိုပင်ဟေဂင်မှာပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒိန်းမတ်ကာကွယ်ရေး ၀န်ကြီးဌာနက အတည်ပြုပြော လိုက်ပါတယ်။ နေ့တစ်ဝက်နီးပါးလောက်ရှာဖွေပြီးတဲ့နောက် ကမ္ဘာ့အကြီးဆုံးပုဂ်္ဂလိကပိုင် ရေငုပ်သင်္ဘော နော်တီးလပ်စ်ကို ကို့ဂ်ျပင်လယ်အော်အတွင်း သွားတာနေတာကိုတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ခရစ်စတာဟေဗန်က ပြောပါတယ်။ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကြောင့် ပျောက်ဆုံးခဲ့ရတာဖြစ်ပြီး ရေဒီယိုလိုင်းမကောင်းတဲ့ အတွက် အဆက်အသွယ်ပြတ်ခဲ့ရတာလို့ နော်တီးလပ်စ်ရဲ့ပိုင်ရှင် ပီတာနက်ဆန်က ပြောပါတယ်။
ပီတာနက်ဆန်ဟာသင်္ဘောပျောက်ဆုံးချိန်မှာ ဆွီဒင်နိုင်ငံသူဂျာနယ်လစ်တစ်ဦးနဲ့အတူတူရှိနေခဲ့တယ်လို့ နော်တီးလပ်စ်ကနေရေဒီယိုအဆက်အသွယ်မပြတ်ခင် နောက်ဆုံးဆက်သွယ်ခဲ့တဲ့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ရေဒီယိုက ပြောပါတယ်။ ရေငုပ်သင်္ဘောဟာ ကိုပင်ဟေဂင်ဆိပ်ကမ်းမှာ ကြာသပတေးနေ့ ညနေ(၈)နာရီ လောက်မှာ ထွက်ခွာခဲ့ပြီးနောက် စီစဉ်ထားတဲ့အချိန်မှာပြန်ပြီး မဆိုက်ကပ်နိုင်ခဲ့တာပါ။
သက်ဆိုင် ရာအနေနဲ့ ဆွီဒင်သူဂျာနယ်လစ်ရဲ့လုပ်ဖော်ကိုင်ဖက်က ည(၂)နာရီလောက်မှာဆက်သွယ်တိုင်ကြားမှ ရေငုပ်သင်္ဘောပျောက်ဆုံးနေတယ်ဆိုတာကိုသိရတာလည်းဖြစ်ပါတယ်။ဒိန်းမတ်အာဏာပိုင်တွေဟာ မော်တော်ဘုတ်တွေနဲ့ရဟတ်ယာဉ်တွေကိုသုံးပြီး နေ့တစ်ဝက်လောက်ရှာဖွေခဲ့ပြီးတဲ့နောက် ရေငုပ်သင်္ဘောနဲ့သင်္ဘောဝန်ထမ်းတွေဟာလုံခြုံပြီလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။