BEC-TERO TV

ဂျပန်တွင် ဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ချထား

15 Aug 2017     1,414 Views


ပစိဖိတ်သမုဒ္ဒရာအတွင်းက အမေရိကန်ပိုင် ဂူအန်ကျွန်းအနီးတစ်ဝိုက်ကို ဒုံးကျည်တိုက်ခိုက်မှု တွေပြုလုပ်မယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုထွက်ပေါ်လာပြီးတဲ့နောက် ဂျပန်နိုင်ငံဟာ ဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို ချထားလိုက်ပြီဖြစ်ပါတယ်။ဂျပန်ကာကွယ်ရေးအာဏာပိုင်တွေဟာ နိုင်ငံအနောက်ပိုင်းမှာ ဒုံးကျည်ကြားဖြတ် ဟန့်တားရေးစနစ်တွေကို ဖြန့်ကြက်ချထားလိုက်ပြီဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ပစိဖိတ်သမုဒ္ဒရာ ထဲက ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းကို ဦးတည်ပြီး ဒုံးကျည်တွေ ပစ်လွှတ်မယ်ဆိုတဲ့မြောက်ကိုရီးယားရဲ့ ခြိမ်းချောက်မှုထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယား ကတော့ သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေဟာ ဂူအမ်ကမ်းလွန်က ရေပြင်ကိုမကျခင် ဂျပန်ရဲ့ ရှီမာနဲ ဟီရိုးရှီးမားနဲ့ကိုးချိခရိုင်တွေပေါ်က ဖြတ်ကျော်သွားမယ်လို့ ဆိုပါတယ်။

အခုလအလယ်ပိုင်း နောက်ဆုံး ထားပြီး ဒုံးကျည်ပစ်လွှတ်ရေးအစီအစဉ်ကို အပြီးသတ်ရေးဆွဲမယ်လို့လည်း မြောက်ကိုရီးယားဘက် ကပြောထားတာပါ။ PAC3 ဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို တာဝန်ယူထားတဲ့ ဂျပန့် လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်တွေဟာ စနေနေ့မှာ အဲဒီ ၃ ခရိုင်နဲ့ အနားက ဟီဟီမဲခရိုင်တွေကိုရောက်ရှိလာပြီဖြစ်ပါတယ်။ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေကို ၁၄ နာရီလုံးတိုးမြှင့်စောင့်ကြည့်နေပါတယ်။ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဂျပန်ပင်လယ်ထဲကို သင်္ဘောတစ်စင်းစေလွှတ်ထားပါတယ်။ အဲဒီဖျက်သင်္ဘောမှာ ပဲ့ထိန်းဒုံးကျည်တွေကို နောက်ယောင်ခံနိုင်တဲ့ အေဂျီးစ်အမျိုးအစားရေဒါစနစ်ကို တပ်ဆင်ထားတယ်လို့သိရပါတယ်။


15 Aug 2017     1,414 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS