BEC-TERO TV

ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲ လာမယ့်စက်တင်ဘာလကျင်းပမည်

15 Aug 2017     1,512 Views


ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို လာမယ့် စက်တင်ဘာလမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ရွေးကောက်ပွဲအတွက် အစည်းအရုံးဝင်တွေကို အစည်းရုံးဝင်ကတ် သက်တမ်းမတိုးရသေးသူတွေကို သက်တမ်းတိုးပေးကာ သတ်မှတ်အလွှာတွေနဲ့အစည်းအရုံးဝင် ကတ်ဟုတ်မဟုတ်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အလွှာအလိုက်အစည်းအရုံးဝင်နာမည်စာရင်းတွေကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

ထုတ်ပြန်ထားတဲ့နာမည်စာရင်းမှာ ပါဝင်သူတွေထဲက အလွှာတစ်ခုကို (၉)ယောက် စီဝင်ရောက်ရွေးချယ်ခံရမှာဖြစ်ပေမယ့် အရင်နှစ်တွေရဲ့အတွေ့အကြုံအရ ၀င်ရောက်အရွေးချယ်ခံသူ နည်းပါးတာကြောင့် ဒီနှစ်မှာဝင်ရောက်ယှဉ်ပြိုင်သူတွေစိတ်ဝင်စားဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်သူတွေအထဲမှာလည်း လူငယ်တွေအများအပြားပါဝင်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။နောက်တက်လာမယ့် အလုပ်အမှုဆောင်သက်တမ်းဟာ လက်ရှိ အလုပ်အမှုဆောင် သက်တမ်းလိုပဲ(၃)နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ဒီနှစ်အတွက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲ၊အကယ်ဒမီပေးပွဲတွေအတွက် ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။


15 Aug 2017     1,512 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS