BEC-TERO TV

သာသနာ့မြေအရိပ်ခိုပြီး သီလရင်များကို မိုက်ရိုင်းစော်ကားခဲ့သည့် အမျိုးသမီး(ရုပ်သံ)

15 Aug 2017     1,531 Views


ပြည်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခတ္တလာရောက်ခိုကပ်နေသော လင်မယားအား ဘုန်းကြီးကျောင်းမှ နေရာဖယ်ပေးရန် ပြောဆိုရာမှ မဖယ်ပေးပဲ ဘုန်းကြီး သီလရင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ပြည်မြို့ လှိုင်းဂတ်လမ်းတွင် တည်ရှိသော သတ္တဌါနကျောင်းတိုက်တွင် ကျောင်းထိုင်ဘုန်းကြီးရှိစဉ်က ခတ္တနေထိုင်ရန် နေရာပေးခဲ့သည့် လင်မယားကို ဘုန်းကြီးမရှိတော့သည့်နောက် နေရာပြောင်းပေးရန် ပြောဆိုရာမှ မပြောင်းပေးလိုသဖြင့် အချင်းများကြရာမှ ခိုက်ရန်ဖြစ်ပွားပြီး မယ်သီလရင်များကို တုတ်နှင့်ရိုက်ရန် ရွယ်ခြင်း၊ ဓါးဖြင့်ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်းနှင့် မဖွယ်မရာလုပ်ပြခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့သည်။

ဖေ့စ်ဘွခ်အသုံးပြုသာ နောဆေးဖော အကောင့်ပိုင်ရှင်က အဆိုပါဗီဒီယိုကို သြဂုတ်လ ၁၂ ရက်နေ့က တင်ထားခဲ့ပြီး လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့သည်။
 


15 Aug 2017     1,531 Views




RELATED

Most Popular of Special or Others

Most Popular of NEWS