နောက်ပြန်ကျွမ်းထိုးရင်း ကာယဗမောင်တစ်ဦး ဇတ်ကျိုးသေဆုံး (ရုပ်သံ)
18 Aug 2017 1,677 Views
တောင်အာဖရိကနိုင်ငံမှ ကာယဗလမောင်တစ်ဦး ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ရောက်လာခဲ့ပြီးနောက် မထင်မှတ်ပဲ နောက်ကျွမ်းထိုးပြရာမှ ဇတ်ကျိုးကာ သေဆုံးခဲ့ရသည်။
Sifiso Lungelo Thabete ဆိုသူ ဗလမောင်သည် နောက်ပြန်ကျွမ်းထိုးရာမှ ခေါင်းနှင့်ပြုတ်ကျခဲ့ပြီး ဇတ်ကျိုးသည့် ဒဏ်ရာနှင့်သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကို မှတ်တမ်းဗီဒီယိုရိုက်ကူးမှုတွင် ရရှိခဲ့ပြီး ကျွမ်းထိုးပြီ:နောက် ခွေခွေလေးလဲနေသည့် ဗလမောင်ကို လူအများက စောင့်ကြည့်နေခဲ့ပြီးပြန်ထ မလာသည့်အချိန်မှ သွားရောက်ဖေးကူခဲ့ရာ ဇက်ကျိုးပြီးသေဆုံးနေကြောင်း တွေ့ခဲ့ကြရသည်။
အဆိုပါ တောင်အာဖရိက ကာယဗလမောင်မှာ အသက် ၂၃ နှစ်သာရှိသေးကြောင်း သိရှိရသည်။








