BEC-TERO TV

ခွေးကိုလမ်းမပေါ် တွင် ကားဖြင့်တရွတ်တိုက်ဆွဲ မောင်းခဲ့သူက ဘာမှမသိကြောင်းငြင်းဆို

18 Aug 2017     1,428 Views


တရုပ်နိုင်ငံ ဟိုင်နင်းမြို့ ကားလမ်းမပေါ်တွင် အိမ်မွေးခွေး အညိုရောင်လေး တစ်ကောင်ရဲ့ လည်ပတ်ကြိုးကို ကားတွင်ချိပ်ကာ တမ်းမပေါ် တရွတ်တိုက် ဆွဲမောင်းသွားသည့် အဖြစ်ကို မြင်ရသူတိုင်း စိတ်မချမ်းမြေ့ဖြစ်ကာ ကားမောင်းသူကို ဝိုင်းဝန်း အပြစ်တင်ကြသည်။
အဆိုပါ ဓါတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးနောက်တွင်လည်း အကြီးအကျယ် ဝေဖန်ပြောဆိုခဲ့ကြသည် သို့သော် ကားမောင်းသူက ထိုအဖြစ်အပျက်ကို သူတစ်ကယ်မသိကြောင်း ငြင်းဆိုခဲ့သည်။


ဖြစ်စဉ်မှာ ကားမောင်းသူသည် ခွေးပိုင်ရှင်၏ သူငယ်ချင်းဖြစ်ပြီး အိမ်တွင် ညအိပ်လာလည်ခဲ့သည်။ ခွေညိုလေးက ပိုင်ရှင်၏ ကာအောက်တွင် အိပ်ပျော်နေခဲ့ပြီး သခင်ဖြစ်သူမှ ကားနှင့်တွဲချည်ထားသော ခွေးလည်ပတ်ကြိုးကို ပြနဖြူတ်ပေးရန် မေ့နေခဲ့သည်။ နောက်တစ်နေ့နံနက်တွင် သူငယ်ချင်းဖြစ်သူမှ ကိစ္စတစ်ခုနှင့် အပြင်သွားရန် သူ၏ကားကို ခဏငှားသဖြင့် ကားသော့ပေးခဲ့ခြင်းဖြစ်သည်။


သူင်ာချင်းဖြစ်သူက ခွေးနှင့် ကားကို ဆွဲချည်ထားမှန်းမသိသည့်အတွက် ပုံမှန်အတိုင်း မောင်းထွက်ခဲ့ရာ ခွေးမှာ ကားနောက်မှ တရွတ်တိုက် ဆွဲပါခဲ့ရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်မှ သတိပေးသဖြင့် သူသိခဲ့သည့်အချိန်တွင် အတော်အတန် မောင်းနှင်ခဲ့ပြီဖြစ်လို့ ခွေးမှာ ဒဏ်ရာများရရှိခဲ့သည်။


ထို့နောက် ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားကာ ကုသပေးခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့သဖြင့် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ထိုအဖြစ်ပျက်ကြောင့် ခွေးကို ဂရုတစိုက်မမွေးတတ်သော ခွေးပိုင်ရှင်ကို ခွေးမွေးခွင့်မပြုရန် အရေးယူသင့်ကြောင်း ဝိုင်းဝန်းဝေဖန်ပြောဆိုခဲ့ကြသည်။


 


18 Aug 2017     1,428 Views




RELATED

Most Popular of Special or Others

Most Popular of NEWS