BEC-TERO TV

ဂျပန်နိုင်ငံက မျောက်ကလေးများ စားပွဲထိုးတဲ့ စားသောက်ဆိုင် ရုပ်သံ

20 Aug 2017     1,414 Views


ဂျပန်နိုင်ငံရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးများနေရာတွင် လူများကိုယ်စား မျောက်ကလေးများက ဝန်ဆောင်မှုပေးနေသည့်အတွက်  လူစိတ်ဝင်စားမှု အများဆုံး စာသောက်ဆိုင် တစ်ဆိုင်ဖြစ်လာခဲ့ပါတယ်။

Kayabukiya Tavern ဆိုသော ဂျပန်စားသောက်ဆိုင် ပိုင်ရှင် ကိုယုအိုဆူကာ၏ မျောက်ကလေး ယက်ချန်းက စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော စားပွဲထိုးလေးများ၏ အမူအကျင့်ကို အတုယူပြီးလိုက်လုပ်ခဲ့ရာမှ မျောက်စားပွဲထိုးလေးများ စတင်ခဲ့သည်။

ယခုအခါ အသက် ၁၄ နှစ်အရွယ်ရှိပြီဖြစ်သော မျောက်ကလေး ဖူကူချန်းက သူအသက် ၃ နှစ်အရွယ်ထဲက မျောက်ကလေး ယက်ချန်းကို ထပ်မံအတုယူပြီးနောက် စာပွဲထိုးခြင်းအလုပ်ကို လုပ်ကိုင်တတ်လာခဲ့ခြင်းဖြစ်သည်။

စာပွဲထိုးဝတ်စုံ အဖြူနဲ့အနက်ဆင်တူဝတ်ဆင်ထားသော မျောက်ကလေးများ၏ ဝန်ဆောင်မှုကြောင့် စာသုံးသူအများ အတွက် စွဲဆောင်မှုရှိသော စားသောက်ဆိုင်တစ်ဆိုင်အဖြစ် ဂျပန်နိုင်ငံတွင် ထင်ရှားလာသည်။

နေရာတွင် လူနေရာ၌ မျောက်များနှင့် အစားထိုးမှုက စားသုံးသူများအတွက်လည်း စိတ်ဝင်စားစရာကောင်းပြီး လူကြိုက်များသည့် ၀န်ဆောင်မှု တစ်ခုဖြစ်လာသည်။ စားပွဲထိုး မျောက်ကလေးများက စားသုံးသူများအတွက် ဘီယာယူပေးခြင်း၊ လက်သုတ်ပဝါယူဆောင်ပေးခြင်းစသည့် ၀န်ဆောင်မှုများ ပြုလုပ်ပေးနေသည်ကို ဗီဒီယိုထဲတွင်တွေ့မြင်ရမည်ဖြစ်သည်။

စားပွဲထိုးဝန်ဆောင်မှုကို စားသုံးသူများ အကြိုက်တွေ့ခဲ့ပြီး ဓာတ် ပုံရိုက်ကူးမှုပြုလုပ်ခြင်းပြုလုပ်လေ့ရှိပြီး ဆိုင်ပိုင်ရှင်က လစာအဖြစ် ဌက်ပြောသီးများ ကျွေးရသည်။

ဒီမျောက်လေးတွေဟာ ကျန်တော်မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး သူတို့နဲ့ အမြဲတမ်းရှိနေပါတယ်။ သူတို့ရဲ့ အမူအရာက ချစ်ဖို့ကောင်းပြီး သူတို့နဲ့ မခွဲနိုင်အောင်ဖြစ်မိပါတယ်”ဟု စားသောက်ဆိုင်ပိုင်ရှင် အို ဆူကာက ပြောသည်။
အိုဆူကာသည် နစ်ကိုတောင်များမှ မျောက်များကို ခေါ်ယူကျွေးမွေးပြီး လေ့ကျင့် သင်ကြားပေးထားခြင်းဖြစ်ပြီး မျောက်ကလေးများနှင့် စားပွဲထိုးဝန်ဆောင်မှုကို လုပ်ကိုင်လာခဲ့သည်မှာ ၂၉ နှစ်ပင်ရှိပြီဖြစ်သည်။

 


20 Aug 2017     1,414 Views




RELATED

Most Popular of Special or Others

Most Popular of NEWS